Chapter (21)

378 81 0
                                    


 

နူးညံ့ချောမွေ့သောဆံပင်များသည် သူထင်ထားသည့်အတိုင်း ပျော့ပျောင်းနေပေ၏။ သူ ဝတ်ကြေတမ်းကြေ ထိပေးချိန်မှာ ထိုလူငယ်လေး၏ ပုံစံက နှစ်သိမ့်မှုကိုတောင်းခံနေသော သနားစရာကောင်းသည့်တိရစ္ဆာန်လေးတစ်ကောင်နှင့်တူလှသည်။ လုချုံသည် အိမ်တွင်ရှိသည့်ကြောင်အိုကြီးအကြောင်းတွေးမိကာ သူ့မျက်လုံးများနူးညံ့လာသော်လည်း သူ့လေသံကတော့ အေးစက်နေဆဲပင်။

" အခုတော့အဲ့တာ ဘယ်လောက်တောင်ခံရခက်လဲ သိပြီလား"

" ကျွန်တော်သိတာကြာပါပြီ

" လော့၀မ်ချန်သည်  ခဏမျှတိတ်ဆိတ်နေပြီးမှ  တိုးဖွစွာပြောလိုက်သည်။

"  ကျွန်တော်အရင်က သည်းခံနိုင်ခဲ့ပေမဲ့ ရုတ်တရက် သည်းမခံချင်တော့ဘူး။ လူကြီးမင်း...ကျွန်တော်ကလူကြီးမင်းရဲ့ပျောက်ဆုံးသွားတဲ့ညီလေးများလား "

လုချုံမှာ ကြက်သေသေသွားလျက်ဖြင့်

" ဘာလို့အဲ့ဒီလိုပြောတာလဲ"

" မဟုတ်ရင် ကျွန်တော်ဘာလို့လူကြီးမင်းနဲ့ခဏခဏတွေ့နေရတာလဲ။ ပြီးတော့လူကြီးမင်းကဘာလို့ ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးနေတာလဲ"

 လော့၀မ်ချန်၏မျက်နှာသည် ထိုလူ၏ဗိုက်ကိုဖိကပ်ထားလျက် သူ့နှာသီးဖျားမှာတော့ ဤလူတစ်ဦးတည်းသာပိုင်သည့် ကြည်လင်ပြီး သက်တောင့်သက်သာရှိသော ရနံ့နှင့်ပြည့်နေလေသည်။ သူအက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။

"ကျွန်တော်အစကတော့ အိပ်ပျော်သွားတဲ့အချိန်မှာ ပြန်မထလာချင်တော့ဘူး။ဒါပေမဲ့ မျက်လုံးဖွင့်လို့ လူကြီးမင်းကိုမြင်လိုက်ရချိန်မှာ အာ..ငါဘာလို့ နိုးလာရတာလဲလို့ တွေးပြီး ဝမ်းနည်းမိသလို တစ်ဖက်ကလည်း လူကြီးမင်းကို ပြန်တွေ့ရလို့ အရမ်းဝမ်းသာတယ်။ ကျွန်တော် အရမ်းကိုပျော်တာ......ကျွန်တော်ဘာတွေပြောနေမိမှန်းမသိဘူး‌တော့ဘူး။ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော်။ ကျွန်တော်ဘာဖြစ်နေတာလဲ ကျွန်တော်လည်းမသိတော့ဘူး "

အဆုံးမှာတော့သူ့အသံက ရှိုက်သံဖြင့် ဆို့နင်၍ သွား၏။ သူ၏ရှုပ်ယှက်ခတ်သောဘ၀ကြောင့် သူ့ကိုယ်သူရွံရှာပြီး အရာရာတိုင်းကို ငြီးငွေ့နေခဲ့သည်။ပြုသမျှနုသော ပျော့ညံ့သည့်မိမိကိုယ်ကိုလည်း မုန်းတီးသည်။ သို့ငြား ဘဝသည်မျှော်လင့်ချက်ထားဖို့ နည်းနည်းလေးတောင်မဖြစ်နိုင်တာကြောင့် သူ့လက်ထဲတွင်ရှိသည့် တစ်ခုတည်းသော အလင်းရောင်ကိုသာ ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားဖို့ တတ်နိုင်လေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now