အပိုင်း 71+72

384 33 0
                                    

အခန်း ၇၁ : ရာချီသန့်စင်ရေးကွင်းပြင်

လျှို့ဝှက်တာအိုကျောင်းတော်၏ ပင်မခြံဝင်းသည် အလယ်ပိုင်းဒေသ၏လျှို့ဝှက်တာအိုတောင်တန်းပေါ်တွင် တည်ရှိသည်။

လျှို့ဝှက်လမ်းကြောင်းတောင်တန်းသည် ရှေးယခင်ကဆင်းသက်လာသည်ဟု ဆိုကြလေသည်။

လျှို့ဝှက်တာအိုတောင်တန်းတွင် စျာန်အဘိညာဉ်ဘုံသည် နေရာတိုင်းတွင်ရှိနေသည်ဟူသော ကောလာဟလများထွက်ပေါ်နေသည်။ အခွင့်အလမ်းလုံလုံလောက်လောက်ရှိနေသရွေ့ သိမြင်နားလည်နိုင်မည်သာ။

လျှို့ဝှက်တာအိုကျောင်း၏ ပထမဆုံးဌာနမှူးအဖြစ်တာဝန်ယူခဲ့သူသည် လျှို့ဝှက်တာအိုတောင်တန်းပေါ်တွင် တာအိုလမ်းစဉ်ကိုရောက်ရှိသွားပြီး အလယ်ပိုင်းဒေသ၏ မည်သည့်နေရာမှာမှထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

ထိုအချိန်မှစ၍ လျှို့ဝှက်တာအိုကျောင်းတော်ကို စတင်တည်ထောင်ခဲ့သည်။

မြောက်ပိုင်းဒေသ၏ ဓားသိုင်းအကျော်အမော်သည် ယဲ့ချိုးပိုင်နှင့်အတူ ရောက်လာလေသည်။

အရှေ့ပိုင်းဒေသမှ ရှီရှန်းနှင့် အနောက်ပိုင်းဒေသမှ ကျန်းဟယ်တို့လည်းပါ၏။

သူတို့လေးယောက် အတူတကွစုစည်းမိသွားသည်။

ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်း ပင်လယ်ရေလှိုင်းအဆင့်ကို ရောက်နေပြီလား။ အချိန်ကျလာရင် ငါတို့လက်ရည်စမ်းကြည့်ကြမလား

ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်ကို လုံးဝဥဿုံနားလည်ခဲ့ပြီဖြစ်သည်။

သူသည် ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သို့ပင် ရောက်သွားသည်။

သူသည် သဘာဝကျကျပင် ယဲ့ချိုးပိုင်နှင့်လက်ရည်စမ်းချင်နေသည်။

ယဲ့ချိုးပိုင်ကလည်း ပြုံးပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

ရှီရှန်းက ပြုံးသည်။

"မင်းက အခု ပင်လယ်ရေလှိုင်းအဆင့်ကိုတောင် ရောက်နေပြီ။ ငါတို့ မင်းကိုမယှဉ်နိုင်လောက်တော့ဘူးထင်တယ်"

ငါ့တပည့်တွေက ဘုရင်တွေ Opowieści tętniące życiem. Odkryj je teraz