အပိုင်း 119

289 24 0
                                    

အခန်း ၁၁၉ : ဗုဒ္ဓဘာသာဂိုဏ်း၏ဆန်ကုန်မြေလေးများ

နင်းချန်ရှင်းက ဗုဒ္ဓဘာသာကျင့်ကြံသူသုံးဦး၏လုပ်ရပ်များကိုကြည့်ကာ ပြောလိုက်သည်။

"ဗုဒ္ဓဘာသာဂိုဏ်းကလည်း မင်းတို့လိုပဲဆိုရင် အဲ့ဒီဂိုဏ်းက တကယ်ကိုပုပ်သိုးဆွေးမြည့်နေတာပဲဖြစ်မယ်"

ထိုစကားကိုကြားသော် အရပ်ခပ်ရှည်ရှည်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူက လှောင်ပြောင်လေသည်။

"အဲ့ဒီတော့ဘာဖြစ်လဲ။ အားကြီးသူက အားနည်းသူကိုဖိနှိပ်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ နောက်ကျကျန်ရစ်နေခဲ့တဲ့လူက အနိုင်ယူခံရမှာပဲ"

"နောက်ကျကျန်ရစ်နေခဲ့တဲ့လူက အားကြီးသူတွေကို အညံ့ခံရမှာ"

"အဲ့လိုမှမဟုတ်ရင် သူတို့ဖယ်ရှားရှင်းလင်းခံရလိမ့်မယ်"

"ကြည့်စမ်း… သူတို့သာ ငါတို့စကားနားထောင်ပြီး ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ခဲ့မယ်ဆိုရင် သူတို့သေမှာမဟုတ်ဘူး"

"ဒါ ကံကံ၏အကျိုးပဲ"

နင်းချန်ရှင်းက အသံတိတ်နေသော်လည်း သူ့မျက်ဝန်းအစုံကတော့ နွမ်းနယ်နေလေသည်။ သူက ကမ္ဘာကြီးကို သင်ကြားပို့ချပေးချင်သည်။ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သည်။ စစ်ပွဲများလည်း မရှိစေချင်သလို တိုက်ခိုက်ရန်ပွားခြင်းမျိုးလည်း မရှိစေချင်ပေ။ ထို့အတူ အကြံသမားများလည်း ပပျောက်စေချင်သည်။

သို့သော် ဤလမ်းစဉ်ကား ခက်ခဲလွန်းလှသည်။ လုချန်ရှန်းပင်လျှင် သူဘာတွေးနေသလဲဆိုသည်ကို သိလေသည်။ သူက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှမထားရှိချေ။

လူသားများ ရှိနေသရွေ့ တိုက်ခိုက်မှုများနှင့် အကြံသမားများရှိနေမည်သာ။ နင်းချန်ရှင်း မျှော်လင့်နေသောကမ္ဘာကြီးကား အဆုံးမှာတော့ အိပ်မက်ဆန်လွန်းလှပေသည်။

ထိုအိပ်မက်က ဤနယ်ပယ်တွင် သူ့အားစိုက်မှုကို ထောက်ခံရုံမျှသာရှိသည်။ ဤသည်မှာ နင်းချန်ရှင်း၏အကြံသာဖြစ်၏။

"အတိုချုပ်ပြောရရင် ဒီနေ့ ခင်ဗျား အနောက်ပိုင်းဒေသက ဗုဒ္ဓဘာသာဂိုဏ်းကိုသွားနိုင်မှာမဟုတ်ဘူး"

ငါ့တပည့်တွေက ဘုရင်တွေ Where stories live. Discover now