"ခင်ဗျား မှာလိုက်တာတွေကလည်း အထူးအဆန်း"
"bodyguard မဖြစ်ခင်ကတည်းက နံပြားနဲ့လက်ဖက်ရည်နဲ့ဖက်မွေးလာခဲ့တဲ့ကောင်ကွ"
မနက်စာ မစားရသေးသောကြောင့် စားစရာမှာလိုက်ရာ နံပြားနဲ့လက်ဖက်ရည်ကိုသာမရရအောင်ဝယ်ခိုင်းလိုက်သောသူ။
"နံပြားနဲ့လက်ဖက်ရည်ကို ကြိုက်တာလား"
"အေး...နံပြားကိုမှထောပတ်လေးနဲ့ဆိုရှယ်ပဲ"
"စမူဆာရော မကြိုက်ဘူးလား"
"ဘာ! ဟျောင့် မင်း ဘာစကားပြောတာလဲ"
"စမူဆာရော မကြိုက်ဘူးလားလို့မေးတာလေ။ခင်ဗျား ကဘာတွေတွေးနေတာလဲ။ဟိုမယ်နော် နေမင်းကြီးရှိသေးတယ်။တစ်ယောက်ထဲကွက်ပြီး မိုးချုပ်မနေနဲ့"
"တော်...တော်။မင်း ဆဲခံထိတော့မယ်"
ရှင်းဟန် စကားဆက်မပြောတော့ဘဲ နံပြားနဲ့လက်ဖက်ရည်စားခြင်းကိုသာအာရုံစိုက်လိုက်သည်။ပိုက်ဆံရှိလူတန်းစားတွေရဲ့ နံနက်စာအကြောင်းကို တော့ရှင်းဟန်မပြောချင်။ ရှင်းဟန်တို့လို အလယ်လတ်တန်းစားတွေကတော့ ချင့်ချိန်ပြီးစားသုံးတတ်ကြသည်။
ဆုံလည်ခုံတွင်ပြန်ထိုင်ပြီး အလုပ်လုပ်နေသောရာစုကို ရှင်းဟန်တစ်ချက်မျှကြည့်ပြီး မျက်လုံးက စင်အမြင့်ပေါ်တွင်တင်ထားသော အရာတစ်ခုကိုအာရုံရောက်သွားသည်။ထိုအရာက သဲနာရီ။ထိုစင်အနားသို့ ရှင်းဟန် သွားပြီး အနီးကပ်ကြည့်လိုက်သည်။
တစ်ဆက်တည်းထပ်ပြီးမြင်တွေ့လိုက်ရတာက အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး၏မှန်ဘောင်သွင်းထားသောပုံ။အတော်ကျက်သရေရှိပြီး လှပါပါသည်။ရှင်းဟန် ထိုသူတွေအား အနည်းငယ်မြင်ဖူးနေသယောင်။ရှင်းဟန် ဒါတွေကိုအစောက ဘာလို့မမြင်တာပါလိမ့်။
"အဲ့ဒါ ဒယ်ဒီနဲ့ မာမီလေ"
မိမိအနောက်ဘက်မှထွက်ပေါ်လာသောအသံကြောင့် ရှင်းဟန် အနောက်ကိုလှည့်ကြည့်တော့ ရာစုကိုတွေ့လိုက်ရသည်။ရာစုမှာ သူ့ဒယ်ဒီနဲ့မာမီကိုကြည့်ပြီး မျက်ဝန်းထဲတွင် တစ်ရိပ်ရိပ်ဖြတ်သန်းနေသောအရာများ။ထိုအရာများကို ရှင်းဟန် မြင်လိုက်ရ၍ စိတ်မကောင်း။
YOU ARE READING
Love Behind The Complexity
Romance"ငါတို့ကယောက်ျားအချင်းချင်းလေ...ပတ်ဝန်းကျင်အမြင်မှာ..." "ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။အဓိက က ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ယုံကြည်မှု၊သစ္စာရှိမှုတွေနဲ့ အပြန်အလှန်ချစ်နေကြဖို့ပဲလေ"