Ep_2

14K 564 3
                                    

Unicode

"ဒါက အသစ်ရောက်လာတဲ့ လူတွေအကုန်လုံးလား"

စံအိမ်နဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ ရေကူးကန်နားမှာသက်သာအနေအထား
နှင့်တန်းစီပြီးစုရပ်နေသည့် လူတစ်စုကိုကြည့်ပြီး ဒေါ်မြညိုမေးလိုက်
ခြင်းပင်။ ထို့နောက် ဒေါ်မြညိုဘေးက လိုက်ပါလာသည့် အထွေထွေ
မန်နေဂျာက ခေါင်းငြိမ့်ပြလိုက်ပြီး ဖိုင်တွဲတစ်ခုပေးလိုက်တော့သည်။
ထိုဖိုင်တွဲကို ဒေါ်မြညိုခဏဖွင့်ကြည့်လိုက်ပြီး ပြန်ပိတ်ထားလိုက်၏။
စံအိမ်အတွက်အသစ်ရောက်လာတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်
အလက်ပင်။

"ဒီဖိုင်တွဲက သခင်လေးလာမှပေးမယ်၊ သခင်လေးကိုယ်တိုင် ဝန်ထမ်း
တွေကိုစစ်ဆေးမယ်လို့ပြောတယ်"

"ဟုတ်ကဲ့ပါ အိမ်တော်ထိန်းကြီးရှင့်"

သိပ်မကြာ...တိုင်းရောက်လာသည်နှင့် အကုန်လုံးက ခါးညွတ်နှုတ်
ဆက်လိုက်ကြလေသည်။ ပြီးတော့ ဒေါ်မြညိုက ကိုင်ထားသည့်
ဖိုင်တွဲကို တိုင်းထံသို့ပေးလိုက်ရင်း....

"ဒါတွေက ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်ပါသခင်လေး"

"ဒါ အကုန်ပဲလား"

"ဟုတ်"

"လူစစ်ဆေးပြီးရင်၊ သူတို့နေရမယ့်အခန်းတွေကိုလိုက်ပြပေးလိုက်ပါ၊
ပြီးတော့ စည်းကမ်းချက်တွေကိုလဲ ပေးပြီးအလွတ်ရအောင်မှတ်ထား
ခိုင်းလိုက်"

"ဟုတ်ကဲ့ပါ၊ သခင်လေး"

တိုင်း လက်ထဲက ဖိုင်ဖွင့်လိုက်ပြီး စာရွက်တစ်ရွက်ဆို လူတစ်ယောက်
သေချာလိုက်ကြည့်နေလိုက်၏။ သူ လိုက်ကြည့်တော့ အကုန်လုံးက
မျက်လွှာချခေါင်းငုံ့ထားသည်။ ဝန်ထမ်းတစ်ယောက်ချင်းဆီကို
လိုက်စစ်ဆေးနေရင်း မိန်းကလေးတစ်ယောက်ရှေ့ ရောက်တော့
တိုင်းခြေစုံရပ်လိုက်မိပြီး....

"ယူနီဖောင်းကိုသေချာ သပ်သပ်ရပ်ရပ်ဝတ်၊ ဖရိုဖရဲဖြစ်တာ မကြိုက်ဘူး။ ဒီတစ်ခါထားတော့ နောက်တစ်ခါ အပြစ်ပေးခံရမယ်"

တည်ကြည်ပြတ်သားတဲ့လေသံကြောင့် ဝန်ထမ်းကောင်မလေးချွေး
စေးပြန်လာကာ ဝတ်ထားသော အဖြူအင်္ကျီနှင့်အနက်ရောင် စပ်ကပ်
လေးကိုသေချာပြန်ပြင်လိုက်၏။ပြီးတော့....

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now