Ep_16

5.2K 279 2
                                    

Unicode

"တိုင်းပြင်ပြီးပြီလား"

နောက်မှရပ်မေးလိုက်တာကြောင့် ရှပ်လက်ရှည်ကြယ်သီးတပ်ရင်းတိုင်းလှည့်ကြည့်သည်။ထုံးစံအတိုင်းအဖြူနဲ့အမဲsuitကိုသာဝတ်
ဆင်ထား၏။ တိုင်း အတွင်းခန်းထဲ ပြန်ဝင်ကာ နက်ကတိုင်ရယ်suit
တစ်စုံယူလာသည်။ထို့နောက် ဘုန်းဆက်လက်ကောက်ဝတ်ကိုဆွဲယူကာ မှန်ရှေ့ဆွဲရပ်သည်။ တိုင်းကဘုန်းဆက်၏ကျောနောက်မှရပ်ကာ နေရာယူပြီးလက်ထဲကိုင်ထားသည့်နက်ကတိုင်ကို ဘုန်းဆက်နှင့်လိုက်မလိုက်တွဲဖက်ကြည့်သည်။

"ဒီညတော့ ကိုယ်ရံတော်မဟုတ်ပဲကိုယ့်ရဲ့ ပါတနာ အနေနဲ့ပွဲတက်"

"အထူးအခွင့်အရေးလား"

"ကိုယ့်ကိုမင်းရဲ့ချစ်သူလို့သတ်မှတ်ထားပြီးမှ အထူးအခွင့်အရေးလို့
မေးစရာလိုသေးလား၊ပြီးတော့ ကိုယ်နဲ့အတူပွဲတက်ခွင့်ရတဲ့လူကမင်း
တစ်ယောက်ပဲရှိသေးတာ"

မှန်ထဲကနေ မျက်လုံးချင်းဆုံကာ ပြောလိုက်ခြင်းဖြစ်သည်။အညိုရောင်အပွင့်ရိုက် နက်ကတိုင်ကိုလဲ လိုက်ဖက်မလိုက်ဖက် ချိန်ကြည့်နေသည်။

"ကံထူးသူကြီးပေါ့...ဒါဆိုစံအိမ်မှာရော"

"မဖြစ်ဘူး၊အချိန်အတိုင်းအတာတစ်ခုထိတော့ လူတွေကိုမသိစေချင်သေးဘူး"

"ဒါဆိုမောင်က တိုင်းရဲ့လူမသိသူမသိချစ်သူလား"

"မင်းကိုမထိခိုက်စေချင်ရုံသက်သက်ပဲ သွင်..ကိုယ့်ရဲ့စေတနာကို
မစော်ကားနဲ့"

မျက်မှန်အောက်ကမျက်ဝန်းတွေနှင့်ထပ်ဆုံစည်းသွားပြန်၏၊ဘုန်းဆက်မျက်ခုံးတွန့်ရုံဖြစ်သွားပြီး 'ဟွန်း'ခနဲ တစ်ချက်ပြုံးလိုက်သည်။
ပြီးမှ...

"တိုင်းအလိုကျ မောင်နာခံမယ်"

"မင်းအညိုရောင်သဘောကျရဲ့လား၊ လိုက်ဖက်ပေမယ့်မကြိုက်ရင်
ပြန်လဲပေးမယ်၊ suitကတော့XL Sizeပဲမင်းနဲ့fitမဖြစ်ရင်တော့.."

ပြောရင်းအတွင်းခန်းထဲပြန်ဝင်မည်အပြု ဘုန်းဆက်ကလက်လှမ်းဆွဲထား၏၊ပြီးတော့ တိုင်း၏နားရွက်ဖျားနားကပ်၍ နူးညံ့သောလေသံဖြင့်..

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now