Extra 1

8.1K 255 7
                                    

Unicode

လက်ထပ်ခွင့်လက်ခံပြီးတဲ့နောက် ဘုန်းဆက်က ဟိုတယ်မသွားပဲ
တိုင်း၏စံအိမ်ကိုပဲ အထုတ်အပိုးတွေတပုံတပင်နှင့်ရောက်ချလာ
သည်။ ပေါ်တီကိုအောက်မှာ lagguageတွေ တစ်ခုခုပြီးတစ်ခု
ချနေတော့ တိုင်းဆင်းအလာနှင့်ကြုံလျှင် ဒေါ်မြညိုက ပစ္စည်းသယ်
ပေးဖို့စောင့်နေရင်းမှ ခေါင်းညွန့်နှုတ်ဆက်၏။ စံအိမ်ဝန်ထမ်းတွေလဲ
ရောက်ရာအရပ်မှ ခိုးကြည့်၊ချောင်းကြည့်နှင့်အထူးအဆန်းဖြစ်နေ
သလိုပင်။

တကယ်ဆို ဘုန်းဆက်က စံအိမ်အရှင်သခင်ဖြစ်တာကြောင့် တိုင်းက
ဟိုတယ်လွှဲပြောင်းမှုနှင့်အတူ စံအိမ်ကိုပါလွှဲပြောင်းပေးရမည်ဖြစ်
သော်လည်း ယခုအချိန်မှာ နှစ်ယောက်အတူတူဖြစ်သွားသောကြောင့်
လွှဲပြောင်းခြင်းကိစ္စမှာမလိုအပ်တော့ပေ။ ထို့ကြောင့် တိုင်းဟာ စံအိမ်
၏အရှင်သခင်အဖြစ်ဆက်ရှိနေမည်ဖြစ်ပြီး ဘုန်းဆက်နှင့်ဆိုလျှင်
အရှင်သခင်ကနှစ်ယောက်ဖြစ်သွားသည်။ ဝန်ထမ်းတွေလဲ တစ်
ယောက်ထပ်တိုးလာတော့ ခေါင်းကုပ်စိတ်ရှုတ်နဲ့ပင်။သူတို့အတွက်
တော့ အလုပ်ပိုများပြီး အချိုးမပြေရင် ပိုအပြောခံရတော့မှာမဟုတ်
ဘူးလားလေ..။

"အိမ်တော်ထိန်း သွင်ရဲ့ပစ္စည်းတွေကို master roomထဲပို့ပေး
လိုက်ပါ"

ဒေါ်မြညိုခေါင်းငြိမ့်ပြီး နောက်မှာရပ်နေသည့် ဝန်ထမ်းကောင်လေး
တွေကိုမျက်စပစ်ပြလျှင် အိတ်အကြီးတွေယူပြီး စံအိမ်ထဲဝင်ဖို့ရည်
ရွယ်တော့ ဘုန်းဆက်၏အသံကပျံ့လွင့်လာခဲ့သည်။

"မလိုဘူး၊အိမ်တော်ထိန်း၊ တိုင်းရဲ့suite roomထဲပို့ပေးပါ"

"ဘာလို့လဲ"

"မကြာခင်မှာ လက်ထပ်မှာပဲကို အခန်းခွဲနေဖို့လိုသေးလား"

အိမ်တော်ထိန်းအပါအဝင် အိတ်ဆွဲထားတဲ့ဝန်ထမ်းတွေလဲ suite
roomထဲပဲသွားရမလို၊master roomထဲပဲသွားရမလိုနှင့်
ဗျာများနေ၏။ အဲ့တာသာကြည့်ပါ..။တစ်ယောက်တည်းနဲ့တောင်
တိုင်ပတ်ချင်နေတာ နှစ်ယောက်ဆိုတော့အကြိုက်မတူရင် ကြားက
အထောင်းခံရမည့်အဖြစ်။

"ကောင်းပါပြီ ကျွန်တော့်အခန်းထဲပဲထားလိုက်ပါ"

"ဟုတ်ကဲ့ပါသခင်လေး၊ကဲကဲ..မင်းတို့ အထုတ်တွေအရင်သယ်သွား
နှင့်"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now