Eligibiliy (i)

469 39 1
                                    


Chansoo

//Zawgyi//

ဘ၀ဆိုတာ ပေါက်ဖတ်လေးတွေလိုပဲ ဆင့်ကဲဆင့်ကဲနဲ့ ရုန်းကုန်နေမှတော်ကာကြတာ။ပေါက်ဖတ်ဖြစ်လိုက် ခူကောင်ဖြစ်လိုက်နဲ့ နောက်ဆုံးအချစ်နဲ့ပြီးသွားတော့မှ လိပ်ပြာလေးတစ်ကောင်လို လွတ်လွတ်လပ်လပ်ပျံသန်းနိုင်မှာ။

သင်တို့ကရော လိပ်ပြာလေးလိုပျံသန်းပြီးပြီလား????

ကျွန်တော်ကရော အချစ်ကြောင့်ပဲ လိပ်ပြာလေးဖြစ်လာမှာလားဒါမှမဟုတ် အချစ်ကြောင့်ပဲ တသက်လုံးပိုးအိမ်လေးထဲမှာ အထီးကျန်စွာနေရမလား မသိခဲ့ပါဘူး  ဒါဟာ ကျွန်တော်ရွေးချယ်မယ့်လမ်းနဲ့ ကံတရားပဲလေ ရှိပါစေတော့........

ဆောင်းလေအေးတွေတိုက်ခတ်နေသောရာသီ မှောင်စပျိုးချိန် ဒီဇင်ဘာလည ၂၁ရက်နေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ။တကယ်တော့ ဒိုဂျောင်ဆူးအနေနဲ့ အဲဒီတွေ့စုံပွဲကိုမသွားဖြစ်တာနှစ်အတော်ကြာနေပါပြီ။သူနိုင်ငံခြားမှာသင်တန်းနဲ့အလုပ်လုပ်ဖို့သွားပြီး ကိုရီးယားကိုပြန်လာကတည်းက မသွားတာ စုစုပေါင်း ၇နှစ်ကျော်ရှိခဲ့ပြီလေ။

"ဟူး......"

ခါတိုင်းအလုပ်သွားနေကြလို ဂျောင်ဆူးမပြင်ဆင်ခြင်ပေ။အသက်၃၀အရွယ်က ကိုယ့်အနေနဲ့အတော်အတန် ရင့်ကျက်တဲ့ပုံစံအနေအထားမှာဖြစ်ပေမယ့် ပိုမိုနိုပျိုနေသည်မို့ လူငယ်ပုံစံကိုပဲ သူပြင်ဆင်ခြင်သည်။ဒါမှဟိုကောင်တွေ မနာလိုကြမှာသေချာသည်။

တွေ့ဆုံပွဲမှာ လူတန်းစားမျိုးစုံလာမှာမို့လို့ ဟိတ်ကြီးဟန်ကြီးတွေလည်း သူ မပြင်လို အနက်ရောင်တီရှပ်နဲ့ ဂျင်းပြာတစ်ထည်ကိုသာ ဆင်မြန်း၍အနွေးထည်တစ်ခုကိုကောက်ဝတ်လိုက်သည်။သေသေသပ်သပ်လှန်ဖီးတပ်သောဆံပင်တွေကို အခုတော့ ဒီတိုင်း နဖူးပေါ်သို့ချလှဲခွင့်ပေးလိုက်သည်။
မျက်နှာမှာဘာမှ မလိမ်းထားပေမယ့် သူ့မျက်လုံးဝိုင်းဝိုင်းနဲ့ အသဲပုံနှုတ်ခမ်းတို့က တော်တော် iconicဖြစ်လောက်အောင်ထိ အပိုပြင်စရာမလို ချောမောလှပသည်။

"ဟူး......."

လက်ကပတ်ထားတဲ့နာရီကိုကြည့်ကာ ဒုတိယအကြိမ်သက်ပြင်းချမိပြန်၏။တွေ့ဆုံပွဲမှာ မမြင်ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းဟောင်းပြန်တွေ့ကြမှာကို သိပ်ပြီး စိတ်မလှုပ်ရှားပေးမယ့် တစ်ဉီးတည်းသောတစ်ယောက်ကိုတော့ သူပြန်တွေ့ချင်တွေ့ဖြစ်လိမ့်ထင်။ဂျောင်းဆူးက ဒါကို အနည်းတော့ စိုးရိမ်မိသည်။

Eligibiliy(complete)Where stories live. Discover now