Eligibiliy(ii)

267 33 0
                                    

Chansoo

//Zaw gyi//

ပတ်ချန်ယောလ်သည် ဟိုအရင်တုန်းကတည်းက english စာကျွမ်းသော ဂျောင်ဆူးသတင်းတွေကိုကျောင်းသားကျောင်းသူတွေကြားမှာ ကြားနေရတတ်ပြီး ကိုယ်တိုင်လည်းမြင်ဖူးသလို အခွင့်မသာလို့သာ စကားမပြောခဲ့ကျဖူးပေမယ့် စိတ်ထဲမှာတော့ အားကျနေမိခဲ့သည်။ဒိုဂျောင်ဆူးလည်း သင်္ချာရည်ချွန်ပြိုင်ပွဲတွေမှာ နမည်ကြီးသော ချန်ယောလ်အကြောင်းကို ကျောင်းမှာ ကြားဖူးနေကြဖြစ်ပြီး အားကျနေမိပြန်သည်။ အကြောင်းမဆုံလို့သာ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ကြတာ တစ်ယောက်ကိုတစ်ယောက်ကို အားကျသဘောကျနေကြသည်မှာ အမှန်ပင်။ချန်ယောလ်က အရင်​ဖွင့်ပြောလိုက်သော် ဂျောင်ဆူးကလည်းထိုနည်းအတူ ဝန်ခံခဲ့သည်။

ဒါဟာကျွန်တော်တို့ နှစ်ယောက်ရဲ့ ထူးဆန်းတဲ့ရေစက်လေးတွေပေါ့..

ဆာခူရာပန်းခင်းလမ်းအဆုံးမှာ ကျွန်တော်တို့ ရယ်မောခြင်းတွေကိုအဆုံးမသတ်နိုင်ခဲ့ပေ။ချန်ယောလ်ရဲ့ ဖော်ရွေပွင့်လင်းမှုနဲ့ ဂျောင်ဆူးရဲ့ အေးဆေးတည်ငြိမ်မှုတို့က အချိတ်အဆက်မိ၍ ရင်းနှီးသွားသောအနေထားတစ်ခုသို့ ရောက်ရှိသွား၏။မထင်မှတ်ထားဘဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားကျသဘောကျနေသော ခံစားချက်တွေက အံသြဖို့ကောင်းသည်။မသိလိုက်သောအချိန်တွင် ဒီတိုင်းဆုပ်ကိုင်မိသားဖြစ်သွားသော လက်တွေထဲမှာ ပျော်ရွှင်မှုတွေ တစ်စတစ်စ.........

ကျွန်တော်တို့နှစ်ယောက် ဂျောင်ဆူးအိမ်ကိုရောက်တော့ မိုးချုပ်နေပြီဖြစ်သည်။စက်ဘီးကိုခြံထောင့်မှာ ထောင်ထား၍ ဂျောင်ဆူးခေါ်ဆောင်ရာ နောက်သို့ လိုက်လာခဲ့သည်။

"ပြန်ရောက်ပြီလား အော် သား သူငယ်ချင်းပါ ပါလာတာလား...."

ဧည့်ခန်းမှာ မောလို့ ခဏထိုင်နေတုန်း ဂျောင်ဆူးမေမေကနှစ်ယောက်လုံးအတွက် အအေးတွေဖျော်လာပေးသည်။လတ်လတ်ဆတ်ဆတ်ဖြစ်သော ထောပတ်သီးဖျော်ရည်သည် ချိုမြိန်၍ လွန်စွာမှ သောက်လို့ကောင်း၏။

"ကျေးဇူးတင်ပါတယ် အန်တီ...."

သူငယ်ချင်းတွေကို အိမ်ခေါ်လာခဲသော ဂျောင်ဆူးကြောင့် နည်းနည်းအံသြသွားပေမယ့် အန်တီကတော့ ချန်ယောလ်ကို သဘောကျသည် ပြုံးပြုံးဖြင့် ဧည့်ဝတ်ပျူငှာသည်။

Eligibiliy(complete)Where stories live. Discover now