Eligibiliy(iii)

263 37 0
                                    

Chansoo

//Zawgyi//

"တကယ်လို့ ပြတ်သွားတဲ့ ကြိုးတွေအတွက် ပြန်ဆက်ဖို့ မင်းအနေနဲ့ ဘယ်လိုမြင်လဲ....."

စဉ်းစားမိလိုက်တဲ့ ၅စက္ကန့်လောက်ဟာ အတိတ်အကြောင်းအရာတွေကို ပြန်လည်ထင်ယောင်လာစေသည်။အသက်ကိုဝဝရှုသွင်း၍ ဂျောင်ဆူး မေးခွန်းကိုဖြေဖို့ ဉီးတည်လိုက်၏။

"ရှိရင်းဇွဲကနေ အကြောင်းအမျိုးမျိုးမတူညီကွဟမှုတွေကြောင့် ပြတ်သွားပြီးတဲ့ ကြိုးတြွေပန်မဆက်သင့်ဘူးလို့ ငါထင်တယ်။ ဝေးသွားကြတယ်ဆိုတာ သဘောထားမတိုက်ဆိုင်မှုတွေရှိလို့ဆိုပေမဲ့ အဲဒီမတိုက်ဆိုင်တဲ့သဘောထားတွေထက်တစ်ယောက်ကိုတစ်ယောက် ပိုလိုအပ်ကြလို့ပြန်ဆက်ကြတဲ့ ကြိုးတွေကိုလည်း ငါအားကျမိပြန်တယ်။ဒါပေမယ့် ငါအနေနဲ့တော့ ပြတ်ပြီးသားကြိုးတွေကို ပြန်မဆပ်ချင်တော့ဘူး။ဖားမင်းသမီးလေးက ဖားမင်းသားလေးနဲ့တွေ့ဖို့ ဖားတွေကိုလိုက်နမ်းနေရဉီးမှာပဲ။အဆင်မပြေလို့မှ ပြတ်လိုက်တဲ့သူက လမ်းခုလတ်ကဖားလေးတစ်ကောင်မျှမို့ ငါကဘာအတွက်နဲ့ ပြန်ဆက်ဖို့စိတ်ကူးရှိမိမှာလဲ။အဆင်မပြေလို့မှ လမ်းခွဲလိုက်တာကို ထပ်ဆက်နေရင်လည်း အဆင်မပြေပဲဖြစ်မှာပေါ့။ပြီးတော့ ချီးခြောက်တွေက ရေနူးမကောင်းဘူး......"

စားပွဲရှေ့က ဆိုဂျူထည့်ထားသောခွက်ကိုင်လိုက်ပြီး ချန်ယောလ်ရဲ့မျက်ဝန်းတွေကိုလည်း မျက်ကွယ်ထားလိုက်ရင်း ပါးစပ်ထဲသို့ မျှောချလိုက်သည်။လက်တစ်ဖက်ကတော့ ဘောင်းဘီအိပ်ထောင်ထဲမှာ ဖွက်ထားခဲ့၏။ဂျောင်ဆူး ဆွဲခေါ်လာခဲ့ပြီး အဆုံးရောက်မှ ရိုက်ချလိုက်သောစကားတွေကြားမှာ နားထောင်သူတွေက အားမလိုအားမရဖြစ်နေလိမ့်မည်။သို့သော် ကစားပွဲဟာမရပ်တန့်သွားသလို ဂျောင်ဆူး ပြန်ကြည့်လိုက်တဲ့အခါမှာလည်း ထိုနေရာလေးတွင် ချန်ယောရှိမနေခဲ့တော့ပေ...

တညလုံးအပြတ်ကဲကြမယ့် အစီစဉ်ကို ငဘတ်ပြောပြသော်လည်း စိတ်ရှုပ်သည်မို့ ပွဲအဆုံးထိလည်းမနေချင်တော့ပေ။လူအလစ်ကိုသာချောင်းနေမိပြီး အခွင့်သာတာနဲ့ မသိမသာလေး အပြင်ဘက်သို့ ခိုးထွက်လာခဲ့သည်။လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ညအချိန် ဆယ်နာရီခွဲပင်ရှိနေပြီ။

Eligibiliy(complete)Where stories live. Discover now