မိုးရွာချလာတာမို့ မိုးမသည်းခင်ပြန်လာခဲ့ကြတယ်။ သွားတည်းက တစ်မျိုးဖြစ်နေသူကတော့ အခုချိန်ထိအဲ့အတိုင်း။ ကိုယ်ပြောလိုက်တာကို မယုံလို့တစ်မျိုးများဖြစ်နေတာလား။
"စစ်လေး မင်းဘက်ကိုလည်းဆောင်းလေ။ ပုခုံးတွေစိုနေပြီ"
"ကိုကိုကသာ အရေးကြီးတာပါ"
ကိုယ့်ဘက်ကကိုင်ပြီးဆောင်းပေးဖို့ကျတော့လည်း ဒိတ်ကုန်သွားတဲ့အရပ်က ၅ပေ ၆ကတက်မလာတော့။ ဒီကလေးတွေကြတော့ ကိုယ့်တောင်ကျော်လို့မိုးထိုးနေကြပြီ။
"ဟိုနေ့ကလေကိုကို"
"အင်း ပြောလေ"
"ကိုကိုဆိုင်ကယ်နဲ့ လိုက်သွားတာဘယ်သူလဲ"
"အဲ့ အဲ့တာလား။ သူက ကိုကိုစာပြပေးနေရတဲ့ကျောင်းသားပါ"
"တစ်ခါ ညအိပ်ပြီးတောင် သင်ပေးရတဲ့သူလား"
"အင်း ဆိုပါတော့"
"အာ စစ်လေး မိုးပိုသည်းလာပြီ။ အမြန်ပြန်ရအောင် မင်းလည်းယူဆောင်းအုံး တစ်ကိုယ်လုံးရွှဲတော့မယ်"
"ကိုကို"
"ဗျာ"
"အဲ့တာဘာတွေလဲ"
သူဆီထီးအတင်းထိုးကာပေးလိုက်တော့ စင်လာတဲ့မိုးစက်တို့ကြောင့် အဖြူရောင်အိင်္ကျီစအောက်က အသားတို့ပေါ်လာတယ်။ လိမ်းထားသော သနပ်ခါးလည်းပျက်လို့ ပေးထားသောအမှတ်ရာတွေက အရောင်ထွက်ကာ ဖော်ကောင်လုပ်နေတော့သည်။
"အကောင်ကိုက်ထားတာ"
"ဘာအကောင်မို့လို့ အင်ပြင်ထသလိုဖြစ်အောင် တောင်ကိုက်သွားတာလဲ"
"ကိုကို ကျွန်တော့်ကို ကြည့်ပြီးဖြေလေ။ လိမ်လည်းမလိမ်တတ်ပါလား"
"ဘာလို့မကြည့်တာလဲ လိမ်ပြီးတော့ဖြစ်ဖြစ် ပြန်ဖြေပေါ့။ကျွန်တော်ထင်သလိုမဟုတ်ဘူးလို့"
"စစ်လေးအဲဒါက"
မိုးရေထဲ ဆက်မသွားတော့ဘဲ လမ်းဘေးမှာရပ်လိုက်ကြသည်။ စစ်လေးလည်း မငယ်တော့တဲ့ အရွယ်မို့ သိနေမှာအမှန်။ ကိုယ်နဲ့သာ ကလေးလုပ်နေတာ သူနေရာမှာဆို မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ ရုပ်ချောတဲ့ပညာတတ် တစ်ယောက်။ ဥာဏ်ကောင်းပြီး ထက်မြတ်သူ။