'လှိုင်းလေးကအဲ့လိုလူမဟုတ်ဘူးဆိုတာအမေယုံတယ်။ အမေစုံစမ်းပါ့မယ့် အဲ့အခါအမေကိုပဲယုံပေးပါ အမေကသားအကျိုးယုတ်မှာဘယ်တုန်းကလိုလားလို့လဲ'
'မာန်ရိပ် မင်းသိနေတာတွေမှားနေပြီ။ ပြောပြမယ်ဆိုငါအကုန်ရှင်းပြပါ့မယ်။ ငါကမင်းကလွဲပြီးမပတ်သတ်ဖူးဘူး ငါ့ကိုယုံပါ'
အတွေးထဲသူတို့ရဲ့စကားသံအချို့ပြန်ကာကြားရင်း ခေါင်းထဲနာကျင်လာတယ်။ ရင်အစုံလည်းတင်းကျပ်လို့ နာကျင်မှုကိုခံစားနေရတယ်။
"ခေါ်တယ်ဆိုBoss"
"အင်း Mikaပို့တဲ့ပုံတွေ မင်းမှာရှိသေးလား"
"Bossပြောတာ ကိုဒီရေလှိုင်းပုံတွေလား"
"အင်းဟုတ်တယ်"
ဘာလို့မှန်းမသိ ဒီကောင်တွေက အနာကိုဒုတ်နဲ့အမြဲဆွနေကြသလိုပဲ။ အရင်ချိန်တွေက ငါ့မယားငါ့ကတော်နဲ့ သတ်မယ်ဆိုတာတောင်မပြင်ကြဘူး။ အဲ့တစ်ယောက်နဲ့ပတ်သတ်တာတွေဆိုစောင်းပြောရတာနဲ့စောင်းပြရတာနဲ့။
ဟိုတစ်ယောက်ကိုသွားကယ်ပြီးပြန်လာကြတဲ့ညတည်းက သူနဲ့ပတ်သတ်တာတစ်ခွန်းမှမဟကြတော့သလို ကိုယ့်ဘက်ကမေးရင်တောင်စိမ်းသက်သက်။ သူတို့လုပ်ရပ်တွေက တနည်းနဲ့စိတ်ထိခိုက်စေနေတယ်။
"ဓာတ်ပုံတွေက Bossမီးရှို့လိုက်ပေမယ့် ထပ်ပို့ထားတဲ့ဖိုင်ထဲမှာတော့ရှိလိမ့်မယ်"
"အင်း အဲ့ပုံတွေကြည့်ပြီး အဲ့ညကကိစ္စတွေမင်းတို့ကိုယ်တိုင်စုံစမ်းပေး"
"အဲ့ဆိုင် အဲ့ကားသမား အဲ့ဟိုတယ် အကုန်ပြန်လိုက်ပြီး အကြောင်းရင်းမှန်ကိုသိအောင်လုပ်ခဲ့"
"ဟုတ်ကဲ့ လုပ်လိုက်ပါ့မယ်"
လေးပင်စွာဖြေလို့ သွားရန်ပြင်နေသူအားကြည့်လို့
"မင်းစောင့်ခွက်ကဘာဖြစ်တာလဲ"
"ဗျာ အကောင်းကြီးပါ"
"ငါပြောတာ ဘာကိစ္စတက်တက်ကြွကြွမရှိတာလဲ။ ခိုင်းတဲ့စောက်လုပ်မလုပ်ချင်တဲ့ပုံနဲ့"
"မဟုတ်ပါဘူးBoss တက်ကြွပါတယ်Boss စုံစမ်းခဲ့ပါ့မယ်Boss"
"နေအုံး"