ဘာလည်း ဒီနူးညံ့တဲ့အထိတွေ့က။ ဒီအနံ့က ငါအိမ်မက်များမက်နေတာလား။ ခင်ဗျားနဲ့တော့ဗျာရူးတော့မှာပဲ။
မီးအိမ်မှ မှိန်ဖြဖြအလင်းသာရှိနေပြီး ကိုယ်ပေါ်သို့စောင်အရင်ခြုံလာပေးသည်။နောက်တော့ခေါင်းခုထားတဲ့တန်းပေါ်ခေါင်းကိုမလို့ခေါင်းအုံးတစ်လုံးထိုးထည့်လာတယ်။ အိပ်ချင်နေသေးတဲ့စိတ်ကြောင့် မသိတဲ့အတိုင်းထားလိုက်ပေမယ့် ခဏကြာပါးပေါ်ကျရောက်လာတဲ့အနမ်းတစ်ချက်။
"တကယ် အိပ်တာတောင်ကြည့်လို့ကောင်းတုန်းပဲ။ မင်းဘယ်လိုလူလဲ"
"မကောင်းတဲ့ကောင် မင်းလုပ်ရက်တွေကထိုင်ကန်တော့ရင်တောင်ခွင့်မလွှတ်နိုင်ဘူးဆိုတာသိလား"
"ဒါပေမယ့်လည်း အဲ့လိုလူကိုမှချစ်မိတော့လည်း ငါပဲညံ့တာပါ။ အရာရာမင်းမှန်ပါတယ် မင်းအခုလိုတွေလုပ်နေတော့ငါလည်းဘယ်လောက်စိတ်ထိန်းပြီးမူနေရလည်းသိလား"
ပထမဆုံးအထိတွေ့နဲ့တင်အိပ်ချင်စိတ်လုံးဝမရှိတော့။ ဆက်နမ်းလာသမျှအသာငြိမ်ခံနေရင်းသူ့စိတ်ကြိုက်လုပ်ချင်တာလုပ် ပြောချင်တာပြော၍ ထွက်သွားဖို့ပြင်နေတဲ့သူရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
"မင်းအိပ်နေတာမဟုတ်ဘူးလား"
"ဘာလဲ လူကိုခိုးနမ်းပြီးတော့တာဝန်မယူတော့ဘူးလား"
"မင်းဘယ်ချိန်ထဲက"
"ငါ့ကိုလွှတ် သွားအိပ်တော့မယ်"
"လာပါဗျာ ဒီရင်ထဲကို"
ဆွဲချလိုက်တော့အလိုက်တသင့် မှောက်လျက်လေးကျလာတယ်။ ပြန်ထဖို့ပြင်နေတာမို့ သိမ်းကြုံးကာဖတ်ထားလိုက်ပြီး
"ချစ်နေတာကိုမုန်းချင်ယောင်ဆောင်နေတော့ ကျွန်တော့်ကောင်လေးပင်ပန်းနေမှာပေါ့"
"ခင်ဗျားကိုမပင်ပန်းစေချင်ဘူး။ စိတ်ထဲရှိတဲ့အတိုင်းချစ်လိုက်ပါလား"
"မင်းဖြစ်ချင်တာတွေပြောနေပြီး ငါပင်ပန်းမှာစိုးလို့တဲ့လား။ မင်းကိုချစ်ရမယ် မင်းတောင်ငါ့ကိုချစ်လို့လား"
"မပြောလည်းသိမယ်ထင်နေတာ။ ကြားချင်ရင်စက္ကန့်တိုင်းပြောပေးမှာပေါ့"