Insanity.1

28.6K 1.2K 78
                                    

(Uni)

(၏ဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဉ်
သက်သက်သာပုံဖော်ရေးသားထားတာမို့
မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုတ့ဲ
စိတ်မရှိပါ အဆင်ပြေမှဖတ်စေချင်ပါတယ်)
....................................................

"ဒေါက်တာမာန် ပြန်တော့မလို့လားရှင့်"

"အင်"

"ဒီနေ့စောတယ်နော်ဒေါက်တာ ကောင်မလေးန့ဲ
ချိန်းထားလို့လား"

"မဟုတ်ပါဘူး ဒီနေ့အရေးပေါ်လူနာမရှိဘူးလေ
ပြီးတော့ကိုယ့်ဂျူတီချိန်ကိုမင်းခန့်ကအစားဝင်ပေး
လို့စောစောပြန်ရတာ "

"မသိပါဘူး တို့ဒေါက်တာမာန် ကောင်မလေးန့ဲများချိန်းထားတာလားလို့ "

"ကိုယ့်မှာကောင်မလေးမရှိဘူး
ဆေးခန်းပြန်ထိုင်ရအုံးမှာမို့ ခွင့်ပြုပါအုံး"

"ဟုတ်က့ဲရှင့် ဂရုစိုက်ပြန်ပါ ဒေါက်တာ"

​ကျောခိုင်းသွားတ့ဲ ​ဒေါက်တာမာန်ဆိုသူကိုကြည့်
ပြီး

"ဟ့ဲကောင်မ ဒေါက်တာမာန်ကငါတို့ကို
စကားပြန်ပြောတယ်တ့ဲ ကောင်မလေးမရှိဘူးတ့ဲ"

"အေးဟယ် ယုံတောင်မယုံနိုင်ဘူး
ဒေါက်တာရ့ဲအသံလေးကသြရှရှလေးန့ဲ
ချိန်မြိန်လိုက်တာဟယ် နောက်ခါဆိုရင်အသံသွင်း
ထားရမယ် "

"လာလာ ဟိုကောင်မတွေကိုသွားကြွားရမယ်"

အရယ်ပြုံးသိပ့်မရှိ ခပ်ယ့ဲယ့ဲလေးသာပြုံးတတ်
တ့ဲ ဒေါက်တာမာန်ရှိန်ပြင်းဆိုသူက ဆေးရုံးတစ်
ခုလုံးရ့ဲKingပင် တည်ငြိမ်တ့ဲမျက်နှာထားက
မာန်ရှိန်ပြင်းရ့ဲဆွဲဆောင်မှု့တစ်ခုလိုဖြစ်နေသည်
သီးသန့်​နေတတ်ပြီး အလုပ်ကိုသာအာရုံစိုက်
လုပ်တတ်သည်
မနက်၅နာရီကနေညနေ၄နာရီအထိ YAZဆေး
ရုံမှာအလုပ်ဆင်းပြီး ညနေ၅နာရီကနေ ည၉နာရီအထိကကိုယ်ပိုင်ဆေးခန်းမှာထိုင်လေ့ရှိသည်

တည်ငြိမ်တ့ဲမျက်နှာထား မျက်မှန်အဝိုင်း​လေး​
​အောက်က​တည်ငြိမ်တ့ဲမျက်ဝန်း ​ဖြောင့်စင်း​နေတ့ဲ
နှာတံ ရံဖန်ရံခါမှသာခပ်ယ့ဲယ့ဲ​လေးပြုံးတတ်တ့ဲ
နူတ်ခမ်းပါး​လေးတစ်စုံ အရပ်​မောင်းခန္ဓာကိုယ်အ​
နေအထားအသား​ရေကအစ
ဘာတစ်ခုမှပြစ်ချက်မရှိ​အောင်​ချောလွန်းသည်
ဒါ​ကြောင့်မို့လဲ ​ဆေးရုံကဆရာ/မ
တွေသာမက လူနာတွေကပါအသည်းစွဲဖြစ်နေ
သည် ဒါပေမ့ဲလည်း ချစ်တ့ဲသူတွေလည်းရှိသလို
မနာလိုဝန်တိုမှု့န့ဲမုန်းတ့ဲလူတွေလည်းရှိသည်
ဒါကသဘာဝပဲလေ။

InsanityWhere stories live. Discover now