INSANITY.9

5.9K 328 40
                                    

(Uni)

တစ်ပတ်ကြာပြီး​နောက်....

  "ဒေါက်တာ ဘာစားချင်လဲ "

ဧည့်ခန်းထဲ ဇာတ်လမ်းတွဲထိုင်ကြည့်နေတ့ဲ
ဒေါက်တာရ့ဲနားထိုင်လိုက်ပြီး ဒေါက်တာရ့ဲ
လည်တိုင်​ကျော့ကျော့လေးကိုမထိတထိ နမ်း
ကာမေးလိုက်သည်။

"လက်ဖက်သုပ်စားချင်တယ် စတော်ဘယ်ရီ
ဖျော်ရည်အေးအေးလေးပါ ဖျော်ပေး"

"အခုသွားလုပ်​ပေးမယ်"

နောက်ဆုံးအနေန့ဲ ဒေါက်တာရ့ဲပါးလေးထဲနစ်
သွားတ့ဲအထိ အနမ်းခြွေလိုက်ပြီး ထသွားလိုက်
သည်။

မာန်ရှိန်ပြင်း ဒီစံအိမ်ကြီးထဲတ​ဖြေး​ဖြေး​နေသားကျ
လာခ့ဲသည်။ အချိန်ရရင် ရသလို အသားယူတတ်
တ့ဲအဂ္ဂရ့ဲအပြုမှု​တွေက​လည်းပုံမှန်တစ်ခုလိုဖြစ်
လာခ့ဲသည်။ မလုပ်န့ဲမထိန့ဲမကိုင်န့ဲ​ပြောရင် ပိုဆိုး
တက်တ့ဲအဂ္ဂ​ကြောင့် ဒီတိုင်းမသိသလို​ပဲ​နေဖြစ်
ခ့ဲတယ်။ ဒါ​ပေမ့ဲ အဂ္ဂရ့ဲအထိ​တွေ့​တွေကြား
တစ်ခါတ​လေ ရင်ခုန်မိခ့ဲသည်။

ခနအကြာ လက်ဖက်သုပ်ပန်ကန်န့ဲ ဖျော်ရည်
ခွက်ယူထွက်လာခ့ဲသည်။အသင့်လာချပေးတ့ဲ
လက်ဖက်သုပ်တစ်စွန်းကိုခပ်စားလိုက်သည်။

"စားကောင်းလား ဒေါက်တာ"

"မဆိုးပါဘူး စားလို့ရတ့ဲအထဲပါတယ်"

"ခနစောင့်နော် ဒေါက်တာအတွက် ဝယ်ထား
တ့ဲလက်ဆောင်လေးသွားတက်ယူလိုက်အုံးမယ်"

ထွက်သွားတ့ဲအဂ္ဂကို ဂရုမစိုက်ပဲ TV ကိုသာ
ကြည့်နေလိုက်သည်။ ဒီတစ်ပတ်အတွင်း သူခန
ခန ထွက်ပြေးဖို့ စဉ်းစားခ့ဲမိပါသည်။အဂ္ဂရ့ဲလက်
ထဲကနေ ပြေးလို့ မလွှတ်မြှောက်နိုင်ဘူးဆိုတာ
ကို သေချာသဘောပေါက်ခ့ဲသည်။ထွက်ပြေးရင်
မောပြီးပင်ပန်းရုံပဲရှိလိမ့်မယ်။ အ့ဲတာကြောင့်
ဖြေးဖြေးချင်း အဂ္ဂရ့ဲစိတ်ကိုအနိုင်ပိုင်းပြီးမှ အနု
နည်းန့ဲကိုင်တွယ်ပြီး ရုန်းထွက်ဖို့အတွက်ဆုံးဖြတ်
လိုက်သည်။

ဝုန်း!!❗💢 ဒုန်း💢

အပေါ်ထပ်ကနေ ကျယ်လောင်စွာထွက်လာတ့ဲ
အသံကြောင့် မာန်ရှိန်ပြင်းလန့်သွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

InsanityWhere stories live. Discover now