Insanity.2

15.2K 871 78
                                    

(Uni)

"စိုင်းခေတ်သစ်! "

"အမိန့်ရှိပါBoss"

"မနေ့ညကတွေ့ခ့ဲတ့ဲ ဆရာဝန်လေးအကြောင်း
အကုန်အစဆုံးသိချင်တယ် ရှာပေး"

ခြေချိတ်ထိုင်ကာ စာရင်းတွေစစ်နေရင်းပြောလာ
တ့ဲBossက လူနာန့ဲ နဲနဲလေးမျှကိုမတူပေ။

"မနေ့ညကတွေ့ခ့ဲဆရာဝန်!
ဒေါက်တာမာန်ရှိန်ပြင်းကိုပြောတာလား??"

"မင်းကဘယ်လိုလုပ်ပြီးသိနေတာလဲ"

"အာ အ့ဲဒါက မနေ့ညကBossကိုသွားကြိုတုန်း
က ဆေးခန်းအပေါက်ဝမှာဒေါက်တာမာန်ရှိန်ပြင်း
အထွေထွေရောဂါကုဆိုပြီး ရေးထားတယ်လေ"

ဟုတ်သားပဲ ညကသူသေချာမကြည့်မိလိုက်ဘူး
စိုင်းခေတ်သစ်ဆိုတာ အ့ဲဒီလိုလူမျိုးပဲ အမြဲတမ်း
မျက်စိလျှင်တယ် စိုင်းခေတ်သစ်သူ့အနားရှိနေရင်
ဆံချည်မျှင်တစ်မျှင်တောင်သူ့အတွက်ထိခိုက်မှု့
မရှိပေ။

"အ့ဲဒီဒေါက်တာအကြောင်း ခရေစေ့တွင်းကျ
အကုန်ရှာပေး"

"Bossကိုအန္တာရယ်ပြုမ့ဲကောင်လား ကျွန်တော်
အခုချက်သွားရှင်းပစ်လိုက်ရမလား?"

"မင်းသူ့ကိုထိတ့ဲနေ့ မင်းအသက်ပျောက်တ့ဲနေ့ပဲ
ခိုင်းတာကိုမလုပ်ဘူး "

စိုင်းခေတ်သစ်တစ်ချက်မျှတွေဝေသွားပြီးမှသိ
လိုက်ရသည်

"ဟုတ်က့ဲBoss! ခုချက်ချင်းရှာလိုက်ပါ့မယ်"

ခုချိန်အထိဘယ်မိန်းမ ဘယ်ယောကျာ်းကိုမှနဲနဲ
လေးတောင်စိတ်မဝင်စားခ့ဲတ့ဲBossက အခု
တော့ဒေါက်တာမာန်ရှိန်ပြင်းဆိုတ့ဲဆရာဝန်လေး
ကိုမှစိတ်ဝင်စားနေတယ်တ့ဲ သူတော့နောက်ထပ်
စောင့်ရှောက်ရမ့ဲသူတစ်ဦးထပ်တိုးတော့မယ်ထင်
တယ်။

မိနစ်အနည်းငယ်လောက်ဒေါက်တာမာန်ရှိန်ပြင်း
ရ့ဲအချက်လက်ရှာပြီးနောက် စိုင်းခေတ်သစ်လုံးဝ
ကိုပါးစပ်အဟောင်းသားဖြစ်သွားသည်

"Boss! ဒေါက်တာရ့ဲကိုယ်ရေးအချက်လက်
တွေအကုန်ရပါပြီး"

"အင်"

စစ်လက်စ စာရင်းစာအုပ်ကိုပိတ်ပြီး
စိုင်းခေတ်သစ်ပြောလာမ့ဲစကားသံကိုနားထောင်
လိုက်သည်

InsanityWhere stories live. Discover now