p-1(May)

7.2K 61 0
                                    

ဇိန်းရဲ့အားလပ်ရက်က ပျင်းစရာကောင်းလှသည်။
အိမ်မှာတစ်ယောက်တည်းမလို့ဖြစ်တာလည်းပါမည်။ဇိန်းနာမည်အရည်းမှာဇိန်းကဗျာဖြစ်၍..အများစုကဇိန်းလို့သာခေါ်ကြသည်။

ဖန်ခွက်အနက်ရောင်လေးထဲသို့ ကော်ဖီတစ်ထုပ်ဖောက်ထည့်လိုက်သည်။ထို့နောက်ရေနွေးအနည်းငယ်ရောကာ ကော်ဖီထုပ်အခွံလေးအားလိပ်၍ မွှေလိုက်သည်။ဖျော်ပြီးသားကော်ဖီခွက်ကိုယူလားရင်စောနက ကော်ဖီအိတ်အခွံကိုအမှိုက်လေးထဲသို့ပစ်ထည့်ကာဧည့်ခန်းသို့ထွက်လာသည်။ဒိနေ့ကစနေနေ့လေ ပျင်းစရာနေ့တစ်နေ့ပေါ့။

ဇိန်းဆို ကော်ဖီခွက်လေးကိုဧည့်ခန်းရှိစားပွဲလေးပေါ်တင်ကာ ထိုစားပွဲဘေး၌သာထိုင်ချလိုက်သည်။အမွှေးမွကော်ဇောလေးကနွေးတာမို့ထိုင်ရတာသက်တောင့်သက်သာရှိလှသည်။ရှုပ်ပွနေတဲ့စားပွဲပေါ်ထက် တခြားဘာသာစကားစာအုပ်တချို့ရယ်။နေကြာစေ့အခွံတွေရယ်..ညကသောက်ခဲ့တဲ့ အရက်ပုလင်းအခွံရယ်..အမ်.. ဆေးလိပ်လက်ကျန်ဘူးရယ်..ဆေးလိပ်ပြာခွက်ရယ် ။

တကယ် ရှုပ်ပွနေတာပဲ။

ဇိန်းထို​င်​နေတာစားပွဲနှင့်ဆိုဖာကြားမလို့နောက်ကဆိုဖာကိုခပ်လျော့လျော့မှီကာ
ဆေးလိပ်ဘူးထဲကဆေးလိပ်တစ်လိပ်အားနှုတ်ခမ်းကြားညှပ်ကာမီးညှိ၍ ရှိုက်သွင်းလိုက်သည်။ထို့နောက်အငွေ့တို့အားဖြေးဖြေးချင်းထုတ်ကာ နှာခေါင်းထဲသို့ပြန်သွင်းသည်။ဒါဇိန်းလုပ်နေကျအကျင့်ပင်။

အိမ်နေရင်းလက်ပြတ်အင်္ကျီခပ်ရွဲရွဲကသူ့ bra အနက်ရောင်လေးကိုပင်မြင်နေရသည်။ဒူးအထက်ဘောင်းဘီတို ကြောင့်လှပသောသူမရဲ့ပေါင်တံလေးကိုမြင်ခွင့်ရလိမ့်မည်။

ဇိန်းလည်းရီမုကိုယူကာ သူမရှေ့ရှိ Tv အားဖွင့်ကာ ဇာတ်ကားတစ်ခုကိုကြည့်နေသည်။gym ၌ မိန်းကလေးနှစ်ယောက်ချစ်ရည်လူးနေပုံကိုဇိန်းကဆေးလိပ်လေးသောက်ခပ်တည်တည်ထိုင်ကြည့်သည်။

တီ...တောင်..

ကြည့်နေရင်းခေါ်ဘဲလ်သံကြောင့်ဇိန်းတိုက်ခန်းတံခါးကိူသွားဖွင့်လိုက်သည့်အခါရုံးကမန်နေဂျာအစ်မဖြစ်နေသည်။

ZameOn viuen les histories. Descobreix ara