p-2 (khit thit pyo)

4.7K 57 4
                                    

တစ်စတစ်စနဲ့ထွက်ပေါ်နေသောနေမင်းရဲ့ နေရောင်ခြည်က လိုက်ကာစပါးလျလျလေးကိုဖြတ်ကာဇိန်းရဲ့မျက်လုံးပေါ်သို့ကျရောက်လာသည်နှင့်အမျှ ခပ်ရဲရဲသွေးကြောစိမ်းလေးတွေယှက်နွယ်နေသောမျက်ခွံလေးလှုပ်ရှားလာသည်

"အွန့်.....အင်းးး"

သို့သော်အိပ်နေသူမှာတော့ညီးတွား၍ပျင်းကြောဆန့််ကာစောင်ထဲလူးလိမ့်၍တစ်ဖန်မှေးနေပြန်သည်။

15 မိနစ်လောက်ကြာသည့်အခါ ကုတင်ဘေးမှအံဆွဲပေါ်ကဖုန်းသံလေးထမြည်လာ၏။

"အာ...အလုပ်သွားရပြန်ဉီးမယ်.."

ဇိန်းတစ်ယောက်ညီးတွားရင်းဖုန်းမှAlarm ကိုပိတ်၍ ထထိုင်လိုက်သည်။မျက်လုံးကိုလက်ဖြင့်ပွတ်ကာရေချိုးခန်းထဲသို့ဝင်၍ရေးချိုးပြီးပြင်ဆင်စရာရှိတာပြင်ဆင်လိုက်သည်။အဝတ်အစားကိုသေချာရွေးပြီးစိတ်ကြိုက်ဖြစ်သည့်အခါကိုယ်လူံးပေါ်မှန်၌ ကိုယ့်ကိုယ်ကိုတစ်ချက်ကြည့်လိုက်သည်။ shirt အဖြူလက်ရှည်ကိုမှတံတောင်ဆစ်ထိခေါက်ထားကာ ဆွယ်တာလက်ပြတ်အပြာနုလေးအားထပ်၍ဝတ်ဆင်ထားသည်။အဖြူရောင် style pant နဲ့ဇိန်းကပေါ့ပါးသွက်လပ်သောအသွင်ကိုဆောင်နေပြန်၏။

"အင်း..perfect ပဲ"

ကိုယ့်ကိုယ်ကိုကြည့်ကာတစ်ချက်ရေရွတ်ရင်း
ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ကာ ဆိုင်ကယ်သော့လေးလက်ညှိုးထိပ်မှာဝှေ့ရမ်းရင်း တိုက်ခန်းအောက်သို့ဆင်းခဲ့တော့သည်။

ထို့နောက်ကားပါကင်မှ ဇိန်းရဲ့ ဆိုင်ကယ်အားယူ၍ အလုပ်ရှိရှာအပြေးလေးနှင်တော့သည်။ဆိုင်ကယ်အနက်ရောင်အပေါ်ခါးအနည်းငယ်ကိုင်းကာအရှိန်ဖြင့်မောင်းနှင်နေသည့်ဇိန်းက ဆွဲဆောင်မှုရှိနေတာတော့အမှန်..။

(ဇိန်းရဲ့ဆိုင်ကယ်ကkawasaki ninja 400r ပါ)

....

"ဟေး...ဇိန်း.."

"ဟာ ကိုထက်"

ဇိန်းအလုပ်သို့ရောက်သောအခါအလုပ်မှာမောင်နှမတွေလိုခင်သည့်ကိုထက်အားနှုတ်ဆက်လိုက်သည်။
ဇိန်း၏ချောမောသောရုပ်ရည်အပြင်အချောမျက်နှာထားလေးကလူတိုင်းကိုဆွဲဆောင်နေသည်အပြောချိုသောနှုတ်ခမ်းလေးဖြင့်ဆွဲဆောင်ရာမှာလည်းအလွန်တော်သောဇိန်းပင်။

ZameWhere stories live. Discover now