"ငါတို့ခွဲနေကြရအောင်စံမောင်!"
အချေအတင်ဖြစ်နေကြသည့်ဦးစံခိုတို့လင်မယားမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်
စံမောင်ဟာလည်းမယုံကြည့်နိုင်စွာဖြင့်အပိုင့်အားကြည့်ရင်း
"မင်းဘာပြောလိုက်တာလဲပိုင်" ဟုပြန်မေးလိုက်သည်"ခွဲနေကြရအောင်"
"ဟ! မောင်အဲ့ကောင့်ကိုထိုးမိတာနဲ့ပဲမောင့်ကိုလမ်းခွဲမယ်ပေါ့
မင်းအဲ့ကောင်မေ့မရသေးဘူးမလား""ထင်ရာကိုဇွတ်မတွေးနေနဲ့စံမောင်
ငါသာသူ့ကိုမေ့မရသေးရင်မင်းကငါ့အိမ်ထောင်ဖက်ဖြစ်လာမှာမဟုတ်ဘူး
ဒီလိုဆုံးဖြတ်အောင်ငါ့ကိုတွန်းအားပေးတာမင်းဘဲ
ငါမင်းကိုစရိုက်ဆန်တာအမုန်းဆုံးဖြစ်ကြောင်းထပ်ကာထပ်ကာပြောခဲ့တယ်
မင်းကလည်းမတည်နိုင်တဲ့ကတိတွေကိုထပ်ကာထပ်ကာပေးခဲ့တယ် တော်သင့်ပြီမထင်ဘူးလား ""မဟုတ်ဘူး ဒီလိုဖြစ်အောင်မောင့်ဘက်ကစခဲ့တာမဟုတ်ဘူး သူ့ဘက်ကစခဲ့လို့...."
"ငါသိတယ် ဒါကြောင့်ငါမင်းကိုသူနဲ့ထိပ်တိုက်မတွေ့အောင်ရှောင်ဖို့သတိပေးခဲ့တာ
မင်းသာနားထောင်ခဲ့ရင်ဒီလိုပြသနာဖြစ်မှာမဟုတ်ဘူး""မောင်တောင်းပန်ပါတယ်အခွင့်အရေးထပ်ပြီး...."
"လုံလောက်သွားပြီမို့ ထပ်ပြောစရာအကြောင်းမရှိတော့ဘူး
မင်းရဲ့အကျင့်ဆိုးတွေကိုမပြင်နိုင်သရွေ့မပက်သက်ကြရအောင်""သားပိုင်ရယ်...အရီးသားကိုတစ်ခါတော့ခွင့်လွှတ်ပေးလိုက်ပါ..."
ဒေါ်မယ်တင့်မှာမနေနိုင်မထိုင်နိုင်သားဘက်မှဝင်ပြောတော့သည်
"ကျွန်တော်သူ့ကိုအခွင့်အရေးပေးထားတာပါအရီး
ဒီတစ်ခါမှမပြင်ရင်ဘယ်တော့မှထပ်တွေ့ကြမှာမဟုတ်တော့ဘူး...""မဟုတ်...အရီးပြောချင်တာက.."
"ကျွန်တော်သိပါတယ် ဒါပေမဲ့ကျွန်တော့်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူး
သွားခွင့်ပြုပါဦး..."အပိုင် စိတ်ပျော့သွားမှာဆိုလို့ စံမောင့်ကိုတစ်ချက်မှလှည့်မကြည့်ဘဲထွက်ခဲ့တော့သည်
တစ်ခါခွင့်လွှတ်ပေးမိရင် နောက်ထပ်အခါပေါင်းများစွာထပ်လုပ်လိမ့်မည်
အခုကတည်းကမှတ်လောက်သားလောက်ဖြစ်အောင် ဒဏ်ပေးထားမှတော်ကာကျမည်
YOU ARE READING
သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》
Romanceဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဥ် ပုံဖော်မှုသာဖြစ်သည် chaများ ၏nameဖြစ်စေဇာတ်လမ်းပါအကြောင်းအရာတစ်စုံတစ်ခုဖြစ်စေတိုက်ဆိုင်မှုရှိပါကလာရောက်ပြောကြားနိုင်ပါသည် စာရေးသူဘက်ကချက်ချင်းပြင်ပေးပါ့မယ်