《20》

1.3K 44 0
                                    

ဖြစ်တောင့်ဖြစ်ခဲပဲဗျို့...နွေလယ်ခေါင်မှာမိုးကြီးကြီးကိုရွာသွားတာဗျ
အညာဆိုတာမိုးတွင်းမှာတောင် မိုးကရွာတယ်ဆိုရုံလေးရွာတာလေ
အခုလိုအချိန်အခါမဟုတ်မိုးသည်းထန်စွာရွာလေတော့တောင်သူတွေခင်ဗျာ သီးနှံတွေအတွက်ပူရပြီပေါ့

"အရီးရေ ညကတည်းကသိန်းထင်တို့သားအဖယာထဲကတဲမှာစောင့်အိပ်ကြတာမဟုတ်လား..."

"ဟုတ်ပါ့တော်ရေ...ဒီသားအဖသီးနှံပျက်မှာဆိုးနေကြတာလေ
တောင်သူအလုပ်ကလည်းခက်သားလား ရာသီဥတုဖောက်ပြန်တာနဲ့သီးနှံပျက်မှာဆိုးလို့ဘုရားတနေရတာ"

အရီးငါးဆင့်ချိုင့်ကြီးထဲထမင်းတွေဟင်းတွေထည့်ရင်းနဲ့
ညည်းညူသလိုပြောလာတယ်

"အရီးအခုသိန်းထင်တို့ကိုထမင်းသွားပို့မလို့လား"

"ဟုတ်တယ် ဒီသားအဖအခုချိန်ဆိုဆာလွန်းလို့အူခွေနေလောက်ပြီ"

"ဒါဆိုလည်းကျွန်တော်ကိုပေးဗျာ ကျွန်တော်သွားပို့ပေးမယ်
ရွာလမ်းတွေကမိုးရွာထားတော့ချော်နေမှာ..."

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်အရီးရာ..."

"အေးအေးဒါဆိုလည်းသွားပို့ပေးပါဦး အရီးအိမ်အလုပ်တွေကျန်နေသေးလို့"

"ဟုတ်အရီး..."

မိုးရွာထားသည့်အတွက်ရွာလမ်းတွေကချော်နေတာမို့လမ်းလျှောက်ရခက်လှသည်
ဒီကြားထဲဖိနပ်ကပါချော်လဲစေဖို့အားပေးနေတာကြောင့်ဖိနပ်ချွတ်ကာ
အားနေသည့်လက်တစ်ဖက်၌ကိုင်လိုက်သည်
အဲ့ဒီနောက်မှာတော့ခြေဗလာဖြင့်ထိန်းကာလျှောက်တော့သည်

"အမေ့! "

ဗွက်ထဲမှငုတ်တစ်ခုဟာအပိုင်ခြေထောက်ထဲသို့နစ်ဝင်သွားကာသွေးတွေဖြာထွက်လာသည်
နာလွန်းတာမို့လမ်းဆက်မလျှောက်ဝံ့တော့ဘဲ ထိုင်ချလိုက်တော့သည်

"ကျစ်! နာလိုက်တာ...."

"ပိုင်....ဘာဖြစ်နေတာလဲ"

အပိုင်မော့ကြည့်လိုက်တော့ ဝါးဖတ်ခမောက်လေးစောင်းထားသည့်
စံမောင်ကသူ့ကိုစိုးရိမ်တကြီးကြည့်နေတာနဲ့အကြည့်ချင်းသွားဆုံသည်
သူဘက်ကအရင်အကြည့်လွှဲလိုက်ကာ

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Wo Geschichten leben. Entdecke jetzt