《24》

1.3K 48 0
                                    

စံမောင်လှည်းကိုနွားတင်းကုပ်နားထိမောင်းသွားပြီးလှည်းဖြုတ်
နွားတွေကိုအစာကျွေးရေတိုက်လုပ်လိုက်သည်
ပြီးမှမြို့ကပါလာသည့်ပစ္စည်းပစ္စယတွေသယ်ကာအိမ်ထဲသို့ဝင်လာသည်

"အဘမှာတဲ့ဆေးတွေကရှာလိုက်ရတာလွန်ပါရောလား..."

ပြောပြောဆိုဆိုနဲ့ ရေနွေးကြမ်းတစ်ခွက်ငှဲ့ကာတဖူးဖူးမှုတ်သောက်လိုက်သည်

"သား...."

"ပြောလေ အမေ.."

"သားပိုင်လေ....."
မျက်နှာမသာမယာနဲ့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့မိခင်ကြောင့်စံမောင်ကပဲဦးအောင်မေးလိုက်သည်

"အပိုင်ဘာဖြစ်လို့တုန်း..."

"ဒါလေး..."

ဒေါ်မယ်တင့်စာရွက်လေးကိုသာလှမ်းပေးလိုက်တော့သည်
သားပိုင်ဒုက္ခရောက်နေတာသူပြောမထွက်ဘူး

စံမောင်စာကိုဖွင့်ဖတ်ပြီးနောက်ဒေါသတကြီးတောက်ခေါက်လိုက်သည်

" တောက်! ရာရာစစ "

"စိတ်လျှော့ပါသားရယ် နင့်အဘမြို့ဂတ်ကိုတိုင်ထားပြီးပါပြီ "

"ကျစ်! သူတို့ကဘယ်အချိန်ရောက်လာမလဲမှမသိတာ
ဒီကြားထဲ ပိုင့်ကိုတစ်ခုခုလုပ်လိုက်ရင်ဘယ်လို့လုပ်မလဲ
ကျုပ်သွားမှကိုဖြစ်မှာပါ"

"ဟဲ့! သား"
ပုဆိုးတိုတိုဝတ်ကာခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားတဲ့သားဖြစ်သူကြောင်
ဒေါ်မယ်တင့်ခင်ဗျာရင်မောရသည်
မကြာခင်မှောင်တော့မယ် ဒီကောင်လေးကတော့လေ

_______________

အပိုင်နိုးလာတော့ပတ်ဝန်းကျင်ကမှောင်ရီပျိုးနေပြီ
နာကျင်နေသည့်ဂုတ်ပိုးကိုအသာဖိရင်းဘာတွေဖြစ်ပျက်သွားတာလဲပြန်စဥ်စားလိုက်သည်
သူစံမောင့်ကိုစိတ်ပူလွန်းစွာရွာပြင်ထွက်လာချိန်နောက်ပိုးကိုအရိုက်ခံလိုက်ရတာထိဘဲသူမှတ်မိတယ်

"နိုးလာပြီပေါ့..."

လောလောလတ်လတ်ဆောက်ထားပုံရသည့်တဲပေါ်ဟန်သာတက်လာတာမြင်သည့်အခါ
အပိုင်မျက်ခုံးတို့တွန့်ချိုးသွားသည်

သူဖန်ဆင်းသောချစ်ဖူးစာ《စာလုံးပေါင်းပြန်မစစ်အားသေးပါ ပြင်ဖတ်ပေးကြပါ》Where stories live. Discover now