အပိုင်း(၆)

419 43 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆)

“ဟာ သွားပြီ ကုန်ပါပြီကွာ”

စားပွဲခုံ နှင့် ထိုင်ခုံများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသော မြင်ကွင်းကို ကြည့်ပြီး ယွမ်ကျိုး၏နှလုံးသားကို ပူဆွေးသောကရောက်သော ခံစားချက်များ လွှမ်းမိုးသွားသည်။ ယွမ်ကျိုးက နှလုံးသားနာကျင်မှု ဝေဒနာကို ရှောင်တိမ်းရန် သူ့ဆုလာဘ်ကို အရင်ဆုံး လက်ခံယူလိုက်ပြီး နှလုံးသားနာကျင်သော ဒဏ်ရာကို ချွေးသိပ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက တာဝန်ဆုလာဘ်ကို ထိတွေ့လိုက်ပြီး တိုက်ရိုက် လက်ခံယူလိုက်သည်။

နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ဟူသော စကားလုံးက စာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းသွားသည်။ ယွမ်ကျိုးက စာအုပ်ကို အလေးအနက် ငေးမောကြည့်နေစဥ် ၎င်းမှ အလင်းတန်းများ ဖြာလဲ့သွားပြီး သူ့ဦးခေါင်းကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းအလင်းတန်းသည် သူ့ဦးနှောက်ထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

ကြက်ဥထမင်းကြော်သည် တရုတ်ဟင်းလျာများအနက် အခြေခံအကျဆုံး ဟင်းလျာတစ်မျိုး ဖြစ်သည်။ ဟင်းချက်တတ်သည့် မည်သူမဆို ချက်ပြုတ်နိုင်သကဲ့သို့ ဟင်းချက်စွမ်းရည် မရှိသော လူပေါ်ကြော့များပင် ဆာလောင်မွတ်သိပ်သောအခါ ကြက်ဥထမင်းကြော်ကို ကြော်စားလေ့ရှိသည်။

ဤဟင်းလျာပြင်ဆင်ရာတွင် မတူညီသော နည်းလမ်းများကို အသုံးပြုလေ့ရှိသည်။ ထို့ကြောင့်လည်း ယန်ကျိုးထမင်းကြော်။ ပသျှူးထမင်းကြော်၊ ဝက်ပေါက်ခြောက်ထမင်းကြော်၊ ကြက်သားမွထမင်းကြော် အစရှိသဖြင့် အမည်မျိုးစုံ ရှိသည်။

ကျန်းသုန်ကွမ် အမည်ရှိသော ရုပ်သံဇာတ်လမ်းတွဲတွင် ကြက်ဥထမင်းကြော်ကို ချက်ပြုတ်ပြရာတွင် ထမင်း ၃စေ့ မှ ၅စေ့ခန့်ကို ခွဲထားသော ကြက်ဥနှင့် နှံ့စပ်အောင် ရောမွှေရမည်။ “Cooking Master Boy”ရုပ်သံဇာတ်လမ်းတွဲတွင် ရွှေရောင်အဆင်းရှိသော ကြက်ဥထမင်းကြော်မှ ရွှေရောင်အလင်းတန်းများ ဖြာလဲ့လာခြင်းကို သရုပ်ဖော်ထားသည်။

စနစ်မှ ချီးမြှင့်သော ကြက်ဥထမင်းကြော်သည် ရွှေရောင်အလင်းတန်းကို မပေးစွမ်းနိုင်သော်လည်း ရွေးချယ် အသုံးပြုထားသော ဆန်၊ ရေ၊ ချက်ပြုတ်ရန် အပူချိန် သတ်မှတ်ချက်၊ မတူညီသော ကြက်ဥ အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုရမည် ဆန်ချိန်၊ အချက်အလက်အားလုံး နှင့် လိုအပ်သော ကျွမ်းကျင်မှုူများကို ထောက်ပံ့ပေးထားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Donde viven las historias. Descúbrelo ahora