အပိုင်း(၉၆)

133 15 0
                                    

ယွမ်ကျိုး  အပိုင်း(၉၆)

“ဒီမှာတည်းက မင်းနဲ့ တစ်ခါတည်း သဘောတူညီချက် ယူထားမယ်။  ခေါက်ဆွဲပြုတ်တစ်ပွဲပဲ ဝယ်ကျွေးနိုင်မယ်။ တခြားဟင်းလျာတွေ ဝယ်ကျွေးဖို့ မတတ်နိုင်တော့ဘူး" ဝူကျိုးက ထိုင်ခုံမှာ နေရာယူလိုက်သော အလုပ်မှသူငယ်ချင်းကို ကြိုတင် အသိပေးသည်။

"ငါ သိတယ်...ငါ သိတယ်။ ကောင်စုတ်၊ မင်းရဲ့ ဘောနပ်စ်က ဘယ်လောက်ရလဲဆိုတာ ငါ ကောင်းကောင်း သိတယ်။  ခေါက်ဆွဲပြုတ်ရဲ့ ဈေးနှုန်းက တကယ်ပဲ၂၆၈ယွမ်ဆိုရင် မင်းရဲ့ငွေကို ငါ ခေါင်းပုံဖြတ် မသုံးပါဘူး” ကျောင်ယင်ကျွင်းက
စမတ်ကျကျ ပြန်ဖြေသည်။

"မင်းငါ့ကို မယုံရင် ခေါင်းလှည့်ပြီး ဈေးနှုန်းကို မင်းကိုယ်တိုင် စစ်ဆေးကြည့်လိုက်တော့” ဝူကျိုးက ကျောင်ယင်ကျွင်း၏နောက်က နံရံကို ညွှန်ပြကာ ဒေါသတကြီးနဲ့ ပြောလိုက်သည်။

“ကောင်းပြီ...ကောင်းပြီ”
မီနူးကို တစ်ချက်စစ်ဆေးရန် လှည့်ကြည့်လိုက်သည်။
မီနူးရှိ စျေးနှုန်းများကို ကြည့်ပြီးနောက် ကျောင်ယင်ကျွင်းက  ဒဿမအမှတ် သို့မဟုတ် တစ်ခုခုထည့်ရန် စိတ်ထားယုတ်ညံ့သော သူဌေးက မေ့လျော့နေသည်ဟု ခံစားမိသည်။

"၁၀၈ယွမ် ဈေးနှုန်းရှိသော ကျင်းလင်မြက်ဟင်းလျာက အာတီမီဆီယား ဆယ်လီဂျန်စစ်ကို အသုံးပြုထားတာလား” ကျောင်ယင်ကျွင်းက ယခင်တုန်းက အလုပ်ကိစ္စဖြင့် ကျင်းလင်မြို့သို့ သွားရောက်ဖူး၍ အာတီမီဆီယား ဆယ်လီဂျန်စစ်အကြောင်း မေ့မရ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း သူက မေးမြန်းလိုက်ခြင်း ဖြစ်သည်။

“ဖြစ်နိုင်တယ်။ ဒီဟင်းပွဲကို မင်းက စားချင်လို့လား” ဝူကျိုးက သတိထားသော အမူအရာဖြင့် မေးမြန်းသည်။

“တကယ် မစားချင်ပါဘူး၊ ငါက ဖီးနစ်အမြှီးပုစွန်ဟင်းကို စားချင်တာပဲ”

ကျောင်ယင်ကျွင်းက မစားချင်ကြောင်း ငြင်းလိုက်၍ ဝူကျိုး စိတ်သက်သာရာ ရသွားသော်လည်း ထပ်ပြောလာသော စကားကြောင့် တအံ့တဩ ဖြစ်သွားသည်။

“မရဘူး” ဝူကျိုးက သူ့လက်ကိုင်အိတ်ကို ကာကွယ်ဟန်ဖြင့် စကားပြန်ပြောသည်။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now