ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၆)
စားသောက်ဆိုင်ကို ရှာဖွေရန် မခက်ခဲပေ။ အမြန်လမ်းမ အနီး ရှုပ်ယှက်ခတ်နေသော နယ်မြေတွင် ထူးခြား လှပစွာ ဆိုင်ကို အလှဆင်ထားသည်။ ဝင်ပေါက်မှာရှိသော စားပွဲထိုးမိန်းကလေး နှစ်ယောက်စလုံးက မိန်းမချောလေးများ ဖြစ်သည်။
"ကြိုဆိုပါတယ်။ လူဘယ်နှယောက်စာ စားပွဲလိုချင်လဲ" စားပွဲထိုးမိန်းကလေးတစ်ယောက်က ယွမ်ကျိုး၏အနား ရောက်လာပြီး ယွမ်ကျိုးကို နှုတ်ဆက်သည်။
"တစ်ယောက်စာ စားပွဲပေးပါ။ ပင်မ ခန်းမထဲလည်း အဆင်ပြေပါတယ်"
သီးသန့်ခန်းက သီးခြားအပိုငွေ ထပ်ပေးဆောင်းရသောကြောင့် ယွမ်ကျိုးက အကြံဉာဏ်ရှိသော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့ပြီး ပင်မခန်းမဆောင်ကို ရွေးချယ်ခဲ့သည်။ ဤစားသောက်ဆိုင်မှ ပင်လယ်ခရုများ၏ အရသာကို မြည်းစမ်းကြည့်ချင်သည်။
"ဟုတ်ကဲ့ပါ။ ဒီဘက်လမ်းအတိုင်း ကြွပေးပါရှင့်" စားပွဲထိုးမိန်းကလေးက ပြတင်းပေါက်ဘေးနားက လူနှစ်ယောက်စာ စားပွဲစီ လိုက်ပို့ပေးသည်။ ရှုခင်းကောင်းသော်လည်း အတော်ကလေး နားဆူသည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ယဉ်ကျေးပျူငှာစွာဖြင့် သူမကို ကျေးဇူးတင်စကား ပြောပြီးနောက် စားပွဲပေါ်မှ မီနူးစာရွက်ကို ကောက်ကိုင်ကာ ဟင်းပွဲ အော်ဒါမှာယူရန် ပြင်ဆင်သည်။"နောက်ထပ် စားပွဲထိုးက လူကြီးမင်းစီမှာ အော်ဒါ လာကောက်ပါမယ်"
ဧည့်ကြိုကောင်မလေးက တစ်ချိန်လုံး ပြုံးနေသည်။ ကြော့ရှင်းလှပသော အခန်းတွင်းပြင်ဆင်မှုက စိတ်သက်သာရာ ရစေသော ခံစားချက်ကို ပေးစွမ်းသည်။ ခြုံငုံပြောရလျှင် ယွမ်ကျိုး တကယ်ကို ကျေနပ်သည်။"တွေ့ရတာ ဝမ်းသာပါတယ် လူကြီးမင်း။ ဒီကနေ့ ဘာများ မှာယူစားသောက်ချင်လဲ"
နှစ်လို့ဖွယ်ကောင်းသော အပြုအမူနှင့် စားပွဲထိုး နောက်တစ်ယောက် ရောက်လာပြီး ချိုသာသော လေသံဖြင့် မေးမြန်းသည်။“ပင်လယ်ခရုထမင်း နဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်ခရုပေါင်း တစ်ပွဲချင်းစီပေးပါ။ ဒီလောက်ပါပဲ"
ယွမ်ကျိုးက ပင်လယ်ခရုဟင်းနှစ်ပွဲ မှာယူလိုက်ပြီး ကောင်မလေးစီ မီနူးကတ် ပြန်ပေးသည်။
YOU ARE READING
ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)
HumorMale Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိတယ်။ ဈေးတွေက ဈေးကြီးတယ်။ ဟင်းချို နှင့် ကြက်ဥကြော် ပေါင်းစပ် အစုံ သည် 288 RMB ဖြစ်သည်။ အရံဟင်းလည်း ပ...