Chapter (1) - Arc 1 {Scum On That Giant Old Man }

64 3 0
                                    

Arc (1.1) အရမ်းမိုက်တဲ့ hostပဲ

[အဆင်သင့်ဖြစ်ပြီလား?]

Chi Zhao သည် ခိုင်မာစွာ ခေါင်းငြိမ့်လိုက်ရင်း "အဆင့်သင့်ဖြစ်ပြီ။"

Beep ဟုသော အသံအကျယ်ကြီးကြားလိုက်ရပြီးနောက် နံပါတ်ရေတွက်သံ စတင်လာခဲ့သည်။Systemမှ တစ်ဟုရေလိုက်ချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် Chi Zhao၏ မျက်လုံးရှေ့ ရုတ်တရပ် ထွက်ပေါ်လာခဲ့၏။ ကောင်းကင်နဲ့ မြေကြီးကို လှည့်ပတ်ပြီးသွားလာခဲ့ရသကဲ့သို့ တစ်ကိုယ်လုံးကို ခွဲခြားလိုက်သကဲ့သို့ ခံစားနေရသည်။ မျက်လုံးတောင် မဖွင့်ရသေးခင်ပဲ သူ့အစာအိမ်ထဲကနေ အန်ချင်လာသလိုခံစားလိုက်ရပြန်၏။

Systemက သူ့ကို သန့်စင်ခန်းဘယ်နေရာမှာရှိလဲဆိုတာကို အလျင်အမြန်ပြောပြခဲ့သည်။

သန့်စင်ခန်းထဲကို ရောက်ရောက်ချင်း Chi Zhaoက သူ့အစာအိမ်ထဲမှာ ဘာမှမကျန်တော့တဲ့အထိ အန်လိုက်တော့သည်။ နေ့တစ်ဝက်လောက်အချိန်ကုန်သွားတယ်လို့ ထင်ရပြီးတဲ့နောက်မှာတော့ Chi Zhao စကားပြောနိုင်ခဲ့ပြီဖြစ်၏။ "ကမ္ဘာကူးပြောင်းတာက ဘယ်လိုတောင် သက်တောင့်သက်တာမရှိရတာလဲ..."

[ ပထမဆုံးကူးပြောင်းတဲ့အချိန်မှာ အခုလို မသက်မသာခံစားရတာက hostအတွက်တော့ ပုံမှန်ပါပဲ။ နောက်ကျရင် ပိုကောင်းလာပါလိမ့်မယ်။ ]

[ ဒီကမ္ဘာရဲ့ အချက်အလက်တွေကို hostကို့ ပို့ပေးပြီးပါပြီ။ ကောင်းကောင်းနားလည်အောင်ကြည့်ပြီး ဇာတ်ကြောင်းအတိုင်း တသမတ်ထဲ ကစားပါ။ ]

Chi Zhaoက အားနည်းတဲ့ရေရွတ်သံတစ်သံ ထုတ်လိုက်ပြီး အိမ်သာဘေးနားမှာထိုင်ချလိုက်ကာ မျက်လုံးကိုမှိတ်၍ သူ့ကို System ပို့ထားသော ကမ္ဘာ၏ အချက်အလက်များကို ဖတ်နေလိုက်‌တော့သည်။

System ၏ နာမည်အပြည့်အစုံမှာ Slag Giving System ဖြစ်၏။ Chi Zhao တစ်ယောက် အထီးကျန် ဝိဉာဉ်တစ်ကောင်ဖြစ်နေခဲ့စဉ်အခါတုန်းက သူSystemတစ်ခုနှင့် ချိတ်ဆက်မိသွားခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သူသေပြီးတာ တစ်ရက်ပဲရှိသေးတယ်။ သူပြန်လည်ဝင်စားဖို့ရာအတွက် နေရာပဲလိုက်ရှာရတော့မလား။ ဒါမှမဟုတ်သူ့ကိုလာခေါ်မယ့် အလင်းတန်းတစ်ခုကိုပဲစောင့်ရမလား ဆိုတာကို ဝေခွဲမရဖြစ်နေချိန်မှာ Systemပေါ်လာခဲ့တယ်။

ငါလေးကတကယ့်ကိုငါးဆားနူအောက်ပုဂ္ဂိုလ်လေးပါ! [Myanmar Translation] <Zawgyi Version>Where stories live. Discover now