Chapter 3

11 1 0
                                    

Arc(1.3) Dragon Pearl

နောက်တစ်နေ့မနက်တွင်တော့ဖြင့် ချီကျောက် သည် အိပ်ရာမှပျော်ရွင်စွာထလာလေပြီး အပျင်းကြောပင်ဆန့်လိုက်သေးလေ၏။ ဤအိပ်ရာမှာ သူအိပ်လေ့ရှိသော အဆောင်မှ မာတောင့်နေသော အိပ်ရာထက်ပို၍ သက်တောင့်သက်သာရှိလှ၏။ ပြောရမည်ဆိုလျှင် ဤသဘောတူညီချက်မှာ မကောင်းသော်လည်းပဲ အရမ်းဆိုးဝါးနေခြင်းမျိုးတော့မဟုတ်ပါချေ။

[လီရီဟန်  မနက်စာစားပြီးနေပါပြီ။ အခုအချိန်က သူအလုပ်ကို သွားဖို့ ထွက်သွားတော့မယ့်အချိန်ရောက်နေပါပြီ။ hostသာ နှေးတိနှေးတုန့်လုပ်နေမယ်ဆိုရင် သူထွက်သွားတော့မယ်။]

ထိုကဲ့သို့ပြောသည်ကို ကြားပြီးနောက်တွင် ချီကျောက်သည် အိပ်ရာပေါ်မှ အသည်းအသန်ဆင်းသွားလေတော့သည်။

ဆေးကြောသန့်စင်ကာ သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ပြီးသည့်နောက်တွင် သူသည် အောက်ထပ်သို့ အပြေးအလွှားဆင်းပြေးလေတော့သည်။ လီရီဟန်သည် လှုပ်ရှားမှုများကို ကြားသဖြင့် ခေါင်းမော့ကာ ကြည့်လာလေ၏။ ချီးယွမ်မှာ ‌အမောတကောဖြင့် တစ်စုံတစ်ခုကိုရှာနေပုံပေါ်လေပြီး သူ့မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားလောက်ပင် ဖြစ်နေလေ၏။ လီရီဟန်ကိုတွေ့သောအခါ သူသည် ကြက်သေသေသွားလေ၏။ ထို့နောက်တွင်မူ သူ့အမူအရာများမှာ တဖြည်းဖြည်းနှင့် စိတ်သက်သာရာရသွားသည့်ပုံပေါ်လေသည်။

လီရီဟန်သည် စကားတစ်ခွန်းမျှပင် မဆို။ သူသည် သူ့ခေါင်းကို ပြန်ငုံ့လိုက်ကာ သူ့ခံစားချက်များကို ဖယ်ရှားရန် ကြိုးပမ်းနေလေ၏။

ချီကျောက်သည် လှေကားရင်း‌တွင် မတ်တပ်ရပ်နေလေပြီး စိတ်လှုပ်ရှားစွာဖြင့်နှုတ်ခမ်းကို သပ်လိုက်လေ၏။ သူသည် တောင့်တောင့်ကြီးလမ်းလျှောက်လာကာ စိတ်ငြိမ်ဖို့ရာအတွက် ပြင်ဆင်နေရလေ၏။ ထို့နောက်သူသည် ယဉ်ကျေးစွားဖြင့် "မင်္ဂလာနံနက်ခင်းပါ လီရှဲန်းရှန်င်"

လီရီဟန်သည် မပီမသပြန်ပြော၏။ "um"  ကျန်းပေါ်သည် ချီးယွမ်၏ မနက်စာများကို သယ်ထုတ်လာလေ၏။ အစားအစာများမှာ လီရီဟန်၏ဟာနှင့်အတူတူပင်ဖြစ်၏။ တစ်ခုထဲသော ကွာခြားချက်မှာ ချီယွမ်၏ သောက်စရာသည် နွားနို့ဖြစ်လေပြီး လီရီဟန်၏ သောက်စရာမှာ black coffeeဖြစ်၏။

ငါလေးကတကယ့်ကိုငါးဆားနူအောက်ပုဂ္ဂိုလ်လေးပါ! [Myanmar Translation] <Zawgyi Version>Where stories live. Discover now