Chapter 5

17 2 0
                                    

Arc(1.5) နောက်ယောင်ခံသမားကြီး

မည်သို့ပင်ဆိုစေကာမူ လောလောဆယ်တော့ ကြောင်လေးမှာ ဤအိမ်တွင် နေခွင့်ရပြီဖြစ်၏။

နှစ်ရက်မျှသာ အစာကောင်းကောင်းကျွေးလိုက်ရသေးသည် ကြောင်လေးမှာ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာလေပြီ။ အိမ်ကိုစရောက်ခါစက ပိန်ကပ်နေသည့်အခြေအနေမှသည် ယခုလို အသားပြည့်ပြည့်အခြေအနေကဲ့သို့ တိုးတက်လာခဲ့လေ၏။ သို့ရာတွင် ဤသည်မှာ အစောပိုင်းထင်မြင်ချက်သာရှိပါသေးသည်။ ဤအကောင်ငယ်လေးမှာ ဝဝတုတ်တုတ်အခြေအနေသို့ပင်ရောက်နိုင်ချေရှိလေသည်။

ဤရက်ပိုင်းအတောအတွင်းတွင် လီရီဟန်¹သည် နေ့တိုင်းလိုလိုပင်အိမ်သို့ပြန်လာသည်။ ချီကျောက်²သည်လည်း သူ့ဘဝကို ကြိုးကြိုးစားစားဖြင့်နေထိုင်ရှင်သန်နေလေ၏။ ညနေပိုင်းတွင် ချီကျောက်သည် မီးဖိုချောင်ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ နွားနို့များကို မျက်တောင်မခတ်တမ်းသောက်နေသော ‌ကြောက်ပေါက်စအား စိတ်ပါဝင်စားစွာ ထိုင်ကြည့်နေတတ်၏။

လီရီဟန်သည် ရေယူဖို့ရာအတွက် မီးဖိုချောင်ထဲသို့ ဝင်လာလေတော့သည်။ အစောပိုင်းက ကျန်းပေါ်ထံမှ သခင်ငယ်လေးသည် ညနေပိုင်းများတွင် ဘယ်ကိုမှထွက်မလည်ပတ်တော့ပဲ အိမ်မှာတွင်နေကာ စာကို ကြိုးကြိုးစားစားလုပ်နေသည်ဟု ပြောလာသည်ကို သူကြားခဲ့ရသည်။ လီရီဟန်မှာတော့ ဤသို့ဖြစ်လာရခြင်းမှာ မိမိ၏ အုပ်ထိန်းမှုကောင်းမွန်သောကြောင့်ဟု ခံစားရသည်။

......

ချီကျောက်မှာ နဂိုထဲကပင် စာလေ့လာရခြင်းကို ကြိုက်နှစ်သက်သည့် လူရည်မွန်လူလိမ္မာကလေးဖြစ်ချေသည်။ ထို့အတွက်ကြောင်ကလေးကို မွေးဖို့ရာအတွက်ဟူသည့်အကြောင်းပြချက်ဖြင့် လီရီဟန်က သူ့ကို မထိန်းချုပ်ရင်တောင်မှ သူဘယ်ကိုမှ ‌ထွက်မည်မဟုတ်ပေ။ သူသည်အိမ်မှာပဲနေကာ သူ့ဖုန်းထဲမှ စာအုပ်များကိုသာ ဖတ်နေပေလိမ့်မည်။ သို့သော် လီရီဟန်မှ သူ့ကို ခြိမ်းခြောက်သောအခါတွင် သူသည် အရင်ကထပ်ပို၍ပင် စာကို ကြိုးကြိုးစားစားလေ့လာလေတော့သည်။

ရေပုလင်းထဲသို့ ရေတော်တော်များများထည့်ပြီးသည့်နောက်တွင် လီရီဟန်သည် ချီကျောက်ရှိရာဆီသို့ သွားကာ ရပ်လိုက်လေပြီး ချီကျောက်၏ ခေါင်းထိပ်ကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် "ကြောင်ရဲ့နာမည်ဘယ်လိုခေါ်လဲ။"

ငါလေးကတကယ့်ကိုငါးဆားနူအောက်ပုဂ္ဂိုလ်လေးပါ! [Myanmar Translation] <Zawgyi Version>Tahanan ng mga kuwento. Tumuklas ngayon