Ch - 1 အနာကိုဆားဖြူးခြင်း

184 14 0
                                    

Unicode

နာတယ် !

သူမ လှုပ်လိုက်တာနဲ့ ကျောကုန်းကနေတင်ပါးအထိ ပူပြင်းတဲ့ နာကျင်မှုခံစားရတယ်။

လက်ကို‌ဖြည်းညင်းစွာမြှောက်လိုက်ပြီး တင်ပါးအပေါ်ကို ခပ်ပြင်းပြင်းပုတ် လိုက်တော့
" အ ! "
ဂူဖေးနားလွန်းလို့ အော်မိတယ်။
နာကျင်မှု က သူမ ကို လျင်မြန်စွာ နိုးကြားစေတယ်။

သူမ ဇွန်ဘီ သတ်တာခံ လိုက်ရတာမဟုတ်ဘူးလား?
ဘာလို့ အဲ့လောက် နာနေရတာလည်း ?

သူမ အတွေးတွေထဲ ကျဆင်း‌သွားပြီး ပင်လယ်လှိုင်းလို အဆက်မပြတ် မှတ်ညဏ်တွေက ဦးနှောက်ထဲကို ရိုက်ခတ် စီးဆင်းလာတယ် ။ သူမ ဦးနှောက် က ပြင်းထန်စွာနာကျင်လာတယ် ။ ဂူဖေးက မှတ်ညဏ်တွေကိုစီစဉ် ဖို့ နဲ့ လက်ရှိအ‌ခြေ‌အနေကို သဘောပေါက်ဖို့ ကို အတော်ကြိုးစားလိုက်ရတယ် ။

မူလကိုယ်နာမည်က ဖေးချွီ ။ ဖင်းယန် အိမ်တော် ဒုတိယမြောက် သခင်မလေး ရဲ့ အစေခံပါ ။

လွန်ခဲ့တဲ့ရက် တွေ က ဘာလို့ ဒုတိယမြောက်သခင်မလေးက ရုတ်တရက် ဒေါသထွက်ပြီး သူမကို ရိုက်နှက်ဖို့ အမိန့်ပေးခဲ့လည်း နားမလည်ဘူး ။ တကယ်လို့ ဒုတိယမြောက်သခင်မလေးသာ သူမ အသက်နဲ့ ခန္ဓာကိုယ်အမှိုက်လို လွှင့်ပစ်ခဲ့ရင် သူမ အဲ့နေရာမှာ တင် အသက်သေ သွားနိုင်တယ် ။

အခုတော့ ကျန်းကျူ အမည်ရှိ အစေခံက သူမတင်ပါး ကို ဆေးထည့်ပေး‌နေတယ် ။

အိပ်ရာပေါ်လှဲနေရတဲ့ ဂူဖေးက ရွေးစရာမရှိပဲပြောလိုက်ရတယ် ။

" ‌ဖြည်းဖြည်းလုပ် မင်းက ငါ့ကို ပိုနာအောင်လုပ်နေတာပဲ "

သူမပြောပြီးတာနဲ့ ‌ကျန်းကျူ က ရီမောကာ

" ဖြည်းဖြည်းဟုတ်လား? နင်ကဘယ်လိုဟာလဲ ? ငါ နင့်ကို ဆေးထည့်ပေးချိန် ငါလက်တွေက ကြမ်းတယ်လို့ ဘယ်လိုများထင်နိုင်ရတာလဲ ? "

စကားပြောနေရင်း ကျန်းကျူ က သူမ ရဲ့ ဒဏ်ရာနားက အရေပြားကို ဖျစ်ညစ် လိုက်တယ်။

ဂူဖေးရဲ့ နဂိုပွန်းပဲ့နေတဲ့ အသားရေ နဲ့ အရေပြား က ထိုဒဏ်ကိုမခံနိုင်ဘူး သူမနာကျင်မှု ကြောင့် အော်လိုက်မိပြီး တစ်ဆက်ထဲမှာမျက်ရည်တွေလည်း ကျဆင်းလာတယ်။

ကံကောင်းတဲ့ ချစ်စရာမမလေး က လယ်စိုက်ဖို့လာပြီ !Where stories live. Discover now