Ch - 2 ပိုက်ဆံများကိုခွဲဝေခြင်း

98 16 0
                                    

Unicode

ဂူဖေးရဲ့ ရုတ်တရက်ထိတ်လန့်သွားတယ် ။ သူမရဲ့မှတ်ညဏ်တွေအရ စစ်သား နဲ့  အရာရှိတွေက ထိတ်လန့်ဖွယ်ရာ ဆိုသောစကားလုံးနှင့် ဆင်တူယိုးမှားပင်ဖြစ်သည်။

သူတို့ အထဲ တံခါးကိုဖြတ်ဝင်လာတာနဲ့တင် ဘာတွေဖြစ်လာမလဲတွေးကြည့်လို့ရတယ် ။

အိမ်တစ်ခုလုံးကို မြေလှန်ရှာဖွေသိမ်းဆည်းတာတွေ ၊ ခေါင်းဖြတ်သတ်တာ ၊ ထောင်ထဲပို့တာ စတာတွေက သူမမှတ်ညဏ်ထဲမှာတစ်ခုပြီးတစ်ခု ပြန်ပေါ်လာတယ် ။ ထိုအရာတွေက ယျေဘုယျ အားဖြင့်စစ်သားနဲ့ အရာရှိတွေ က လုပ်ရိုးထုံးစံတွေပဲ ဖြစ်တယ်။

" မြန်မြန်ငါ့ကို ကူပြီး ဒုတိယသခင်မလေးအခန်းဆီပို့ပေးပါ " ဂူဖေးထဖို့ရုန်းကန်လိုက်ပြီ အစေခံလေးကို အသံနိမ့်ဖြင့်ပြောလိုက်တယ်။ သူမက ဒီမှာပဲ
လှဲနေချင်ပေမယ့် အဲ့လိုလုပ်ဖို့ အခွင့်ရေးမရှိခဲ့ဘူး ။

အစေခံမလေးက ဂူဖေးကို ဒုတိယသခင်မလေး အခန်းဆီရောက်အောင် ကူပေးခဲ့ပြီး သခင်မလေးအခန်းသို့ လျှောက်ဝင်လာခဲ့တယ် ။ ဒုတိယ သခင်မငယ်လေးက အလှပြင်မှန်တင်ခုံရှေ့မှာပဲရှိနေသေးပြီး
တံခါးဘက်ကို မှင်တက်စွာနေကြည့်နေတယ်။

" တံခါးပိတ်လိုက် " ဂူဖေးက ပြောလိုက်ပြီးနောက် အစေခံမလေးက လျင်မြန်စွာတံခါးကိုပိတ်လိုက်တယ် ။

ဒုတိယသခင်မလေးက လျင်မြန်စွာ သတိပြန်ကပ်လာပြီး ဂူဖေး ရဲ့ကိုလက်ဆွဲကိုင်ကာ " ဖေးချွီ မင်းဒဏ်ရာ မသက်သာခင် ဘာလို့မြန်မြန်ထလာတာလဲ ။ အပြင်မှာရောဘာတွေဖြစ်နေတာလဲ "

ဂူဖေး ကိစ္စတွေကို ‌ပြောပြဖို့လုပ်နေချိန်မှာပဲ အခန်းထဲရှိ အစေခံတွေကို ကြည့်လိုက်တယ်။ ကျန်းကျူ က အခန်းတွင်းရှိ အစေခံအုပ်စုနားမှာရှိနေပြီး သူမ မျက်လုံးတွေက နာကြင်မှု ဖြင့် နီရဲနေသည် ။

ဒုတိယသခင်မလေးက ဂူဖေး ဆိုလိုချင်တာ ကို ချက်ချင်းသဘောပေါက်သွားပြီး လေသံအေးအေးဖြင့်

" မင်းတို့အားလုံး ဘေးဘက်ခန်းမနားသွား‌ကြ ငါ
ဖေးချွီ နဲ့ ပြောစရာ ရှိတယ် "

အစေခံတွေက သခင်မလေးကို အရိုသေပေးပြီးနောက် အခန်းထဲမှ တစ်ယောက်ချင်းထွက်သွားသည် ။ ကျန်းကျူက ဂူဖေးကို ခြိမ်းခြောက်တဲ့ အကြည့်တစ်‌ချက်ပေးလိုက်ပြီး အပြင်ဘက်သို့ မထွက်ချင် ထွက်ချင်ဖြင့် ထွက်သွားသည်။

ကံကောင်းတဲ့ ချစ်စရာမမလေး က လယ်စိုက်ဖို့လာပြီ !Where stories live. Discover now