Ch 5 ဘယ်သူမပြုမိမိမှု

123 15 4
                                    

Unicode

စစ်သားတွေက ဂူဖေး ကို မြေပြင်ပေါ်က ဆွဲမ လိုက်ပြီး ကျန်းကျူက လည်း ချက်ချင်း သူလက်တွေနဲ့
ဂူဖေး ကိုယ်အပေါ်ပိုင်းတစ်လျှောက် ရှာဖွေနေတယ်။
သူမကိုယ်တိုင် သခင်မလေးက ဒီဟာမ အင်္ကျီအိတ်ထဲ ပုလဲဆံထိုး ထည့်ပေးနေတာသေချာ မြင်လိုက်တယ် ။

ကျန်းကျူက ကိုယ်အနှံ့ ရှာဖွေနေပေမယ့် ဘာမှမတွေ့ဘူး ။ ဆံထိုး ဖွက်ထားတဲ့ ရင်ဘက်ပိုင်းနားမှာ လည်း နူးညံ့တဲ့ ရင်ဘက်သား က လွဲဘာမှ စမ်းမမိဘူးဖြစ်နေတယ် ။

ကျန်းကျူက ခေတ္တမျှ ကြောင်သွားတယ် နောက် သူမ ဂူဖေးရဲ့ ဆံပင်ကိုထိကြည့်တယ် ။ ဂူဖေးရဲ့ဆံထုံးထဲမှာ နောက်ထပ် ပုတီးစေ့တွေနဲ့ဆံထိုးတစ်ခု သခင်မလေးထပ်ဖွက်လိုက်တာကို မြင်မိလိုက်‌တာသတိရသွားတယ် ။

ချက်ချင်းပဲ ဂူဖေး ရဲ့ ဆံပင်ကို ဖြည်ချလိုက်တယ် ။
သူမရဲ့ တောက်ပပြီး‌နက်မှောင်တဲ့ ဆံကေသာ ကသာပြေကျလာတယ်။ ကျန်းကျူက သူမ ဆံပင်က နေ ပုလဲဆံထိုး ‌ထွက်ကျလာဖို့ မျှော်လင့်နေတယ် ။ဒါပေမယ့် အဆုံးမှာ ဖဲပြားနှစ်ခုကလွဲဘာမှ ကျမလာဘူး ။

ကျန်းကျူက အထိတ်တလန့်ဖြစ်သွားပြီ ဂူဖေးရဲ့ ကိုယ်အနှံ့ ဘေးပတ်ချာလည်အကုန် အရူးတစ်ယောက်လို လှည့်ပတ်ကာ လိုက်စမ်းရှာဖွေနေပေမယ့် ဘာသံသယဖြစ်ဖွယ် အစအနမှ မတွေ့ရပါဘူး ။

" ဘယ်လို ဖြစ်လို့ ဒီမှာမရှိရတာလဲ ? ဘာလို့မရှိတာလဲ ? ငါ သေချာပေါက်မြင်ခဲ့တာကို "

ကျန်းကျူက အနည်းငယ် ကောက်ကျစ်တဲ့အမူရာ‌
ပြောင်းသွားပြီး ရုတ်တရက် အဝတ်တစ်ခုကို ဆွဲဖြဲလိုက်တဲ့ အသံထွက်လာတယ် ။

ဂူဖေးရဲ့ ရင်ဘတ်တစ်ဝိုက်ရှိ အတွင်းဝတ် က အဖြဲခံထားရပြီး အထဲမှ အနီရောင် ရင်စည်းကို မြင်နေရတယ်။ ဂူဖေးက သူမရဲ့ရင်ဘတ်ကို အမြန်ကာလိုက်ပြီး  အခြားလက်တစ်ဖက် နဲ့ ကျန်းကျူပါးကို ရိုက်ပစ်လိုက်တယ် ။

သူတို့နားက စစ်သားက " မင်းဘာလုပ်တာလဲ "

" အချိန်တွေဖြုန်းမနေနဲ့ မင်းနောက်တစ်ယောက်ကိုရှာရဦးမယ် "

စစ်သားရဲ့ ထိုစကားကို ကြားတော့ ကျန်းကျူအားတက်သွားတယ်။ ' ဟုတ်တယ် ဖေးချူက ဒုတိယသခင်မလေးဆီ ရတနာအကုန် ပြောင်းပေးထားတာနေလိမ့်မယ် '
ကျန်းကျူက သူ့အတွေးနဲ့ ဒုတိယသခင်မလေးဆီသွားပြီး သခင်မလေးရဲ့ ပန်းထိုးဖိနပ်ကို ချွတ်ယူလိုက်တယ် ။ သခင်မလေးက ဒေါသဖြင့် ရှက်လွန်းလို့ မျက်နှာကို ကာထားရတယ် ။

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

ကံကောင်းတဲ့ ချစ်စရာမမလေး က လယ်စိုက်ဖို့လာပြီ !Where stories live. Discover now