Part 1//

22.6K 1.4K 47
                                    

Unicode
အင်မတန့်အင်မတန် မသာယာလွန်းလှတဲ့မနက်ခင်းတစ်ခု မန်နေဂျာချွဲတစ်ယောက် နဖူးကချွေးခြေမ ကျအောင်အထိ မာရသွန်ပြေးသလို companyထဲတွင်ပြေးလွှားနေရသည်

*အားရှီ!!! တကယ်ပဲ ကိုယ့်ကိုကိုဘာအဆင့်မှန်းတောင်မသိတော့ဘူး မန်နေဂျာသာဆိုတယ် သူဌေးရဲ့ပိစိကွစိကအစအကုန် လိုက်လုပ်နေရတာ လူကမိန်းမတောင်မရသေးဘူး အသက်ထွက်တော့မယ် အမယ်လေးးး မောတယ် မောတယ် ထိုင်အုန်းမှပဲ*

ဖိုင်တွဲအထပ်လိုက်ကြီးအား ဘေးချကာ မနက်စောစောစီးစီး လျှာထွက်နေတဲ့ တစ်မိုးအောက်ဂျွန်ဂျောင်ဂုရဲ့မန်နေဂျာချွဲ

"aigooo တကယ်ပါပဲ အာ့တာကြောင့် secretaryတစ်ယောက်ထားပါဆိုနေ
အရင်က secretaryတွေကျတော့လဲ တစ်ယောက်ပြီးတစ်ယောက် ဖြုတ်တယ် ဟိုဟာမကြိုက်လို့ဒီဟာမကြိုက်လို့နဲ့ မဖြစ်ဘူးဒီတစ်ခါတော့ဒီကပ်စေးနှဲသူဌေးဖြုတ်မရအောင်ကြံမှဖြစ်မယ် မဟုတ်ရင်ငါတကယ်ပဲ ငယ်"ရွယ်"နဲ့လျှောသွားနိုင်တယ်"

မန်နေဂျချွဲတစ်ယောက် တစ်ယောက်တည်းပွစိပွစိရေရွတ်နေတုန်း ရှေ့တည့်တည့်ရောက်လာတဲ့ဖိနပ်တစ်စုံ
ကြည့်လိုက်တာနဲ့ limited editionကြီးမှန်းတန်းသိတာမို့ မော့မကြည့်လဲဒီရုပ်ကြီးသိသားပဲ ဟွန့်

"ဘာ ဟွန့်တုန်း ‌အံမယ် ဒီမှာဖင်ကျောက်ချပြီး ဘာထိုင်လုပ်နေတာလဲ ငါ့အခန်းထဲဒီဖိုင်တွေပို့ခိုင်းတာလေ ဘာလဲငါက ဒီကော်ရစ်တာကြီးမှာ ဖိနပ်ဖင်ခုပြီးထိုင်စစ်ရမှာလား"

"ဒါပေါ့ သူဌေးရဲ့.."

"ဘာ!!!!"

"အယ် ဟုတ် အော် မ_မဟုတ်ပါဘူး သူဌေး ကျွန်တော်မောလွန်းလို့ခဏထိုင်ပြီးအမောသေးသေးလေး ဖြေမိတာပါ ဟဲဟဲ"

ရှိသမျှသွား အံဆုံးထိပါမြင်ရအောင်ဖြဲပြနေတဲ့ဒီမျက်ခွက်ကို ဂျောင်ဂုမမြင်ချင်တော့တာမို့

"ကဲ သွားသွား ငါ့အခန်းထဲသွားပို့ ဘယ်လိုလက်ကြောမတင်းတဲ့ကောင်လဲမသိဘူး"

"ဟုတ်"

မန်နေဂျာချွဲလဲ သွားမယ်အလုပ် နောက်ကကျေးဇူးရှင်သူ‌ဌေးကထပ်ခေါ်သေးပြန်တယ်

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now