Part6//

8.5K 938 62
                                    

Unicode

စစတုန်းကတော့တော်လှချည်ရဲ့ဆိုပြီး ချီးကျူးခဲ့သမျှ ဂျောင်ဂုကိုယ့်ပါးစပ်ကိုပင်ပိတ်ရိုက်ပစ်ချင်သည်
အခုကင်ထယ်ယောင်းအလုပ်ဝင်တာတစ်လပြည့်ပြီ စစချင်းသုံးလေးရက်က ပုံမှန်ပါပဲ အေးအာ့ဒီနောက်မှာမှ သူကစောက်တလွဲတွေစလုပ်တာ

ကျွန်တော်ပြောမယ်နော် ပထမဆုံးသူကျွန်တော့်ရဲ့menuတွေကိုပေါက်ပန်းလေးဆယ်တွေစီစဉ်တယ်
ဒုတိယ ကျွန်တော်ကလက်ဖက်ရည်မကြိုက်ဘူးအာ့တာကို ကော်ဖီရှိတ်တဲ့ဗူးထဲလက်ဖက်ရည်ထည့်တိုက်တယ်
ကျွန်တော်ကမသိလို့သောက်မိတယ် ပြီးတော့ဆူတယ် အာ့ကျရင် သားသားမသိဘူးဆိုတဲ့မျက်နှာဘေးနဲ့ အသနားခံတယ်

တတိယ စာရင်းတွေလုပ်ရင်သုညတွေပိုလာတယ် အာ့တာကိုခေါ်ပြောတော့ "သူဌေးကလဲ ဒီမှာလေဒန် ဒန့် ဒန် အမှားမှန်သမျှဖျက်လို့ရတဲ့ correction penတဲ့"
သူ့ကိုဘယ်သူက correction penရဲ့ brand ambassadorခန့်ထားတာကြနေတာပဲ သွားဖြဲပြီးတထောင်ထောင်လုပ်ပြနေတာ
နေအုန်း နောက်ဆုံးအဆိုးရွားဆုံးအချက်ကဘာလဲသိလား ဟိုတစ်ခါဟိုတယ်မှာ "သူဌေးတရုတ်ကစီးပွားရေးလုပ်ငန်းရှင်နဲ့ကျောက်မီးသွေးတွင်းကိစ္စဆွေးနွေးရပါမယ်" ဆိုပြီးကျွန်တော့်ကိုပြောတယ်
ဟိုလဲရောက်ရော မျက်လုံးပေါက်မှေးမှေးနဲ့သူဌေးကို "နိဟောင်မား"ဆိုပြီး သွားနှုတ်ဆက်တာ ဟိုကပါးမချလိုက်တာကံကောင်း သောက်ကျိုးနည်းတရုတ်တွေကိုအမြင်သိပ်မကြည်တဲ့ဂျပန်လူမျိုးဖြစ်နေတယ်

ကျွန်တော့်မှာပါးရိုက်ခံရနီးနီးတော်တော်လေးဖြောင်းဖျပြီးတောင်းပန်လိုက်ရတယ် ဟိုကသူ့ကိုလာလှောင်တာလားဆိုပြီးဂျပန်လိုအသံနက်ကြီးနဲ့ထအော်တာလေ
ကင်ထယ်ယောင်းကို မျက်လုံးပြူးပြီးကြည့်လိုက်တော့ တရုတ်သူဌေးနဲ့ကညနေပိုင်းတွေ့ရမှာကိုရောသွားတာ ဟီးဟီးတဲ့

secretaryတစ်ယောက်က companyတစ်ခုလုံးကိုဖြိုချနိုင်တယ်ဆိုတဲ့ဇာတ်လမ်းကြားဖူးလား?? အေးမကြားဖူးရင် ခုခင်ဗျားတို့ကြားဖူးတော့မယ်ထင်တယ် ကင်ထယ်‌ယောင်းကဖြိုချပစ်လိမ့်မယ်အကုန်
ရှေ့ရေးကိုတွေးမိတိုင်းနားထင်ကြောတွေပါ တင်းလာတယ် ဒီတစ်ယောက်ကိုခြောက်လစာပေးပြီးဖြုတ်ရအောင်လဲ မတန်ဘူးလေ သူ့ကိုဘာမှတောင်ရေရေရာရာအားကိုးရသေးတာမဟုတ်ဘူး
တော်သေးတယ် ဟိုဂျပေါင်ကန်ရှိနေပေလို့
ဟိုဂျပန်သူဌေးကတော့ တရုတ်ဆိုအရမ်းမုန်းတာ ကျွန်တော့်ညီတော်မောင်က နှာဘူးထနေတာအလုပ်က ဌာနမူးတရုတ်မကို

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now