Part8//

7.6K 815 36
                                    

Unicode

ဒီနေ့ Londonကနေ Min Groupရဲ့CEOက ဂျောင်ဂုတို့companyနဲ့ဟိုတယ်‌ဆောက်လုပ်ရေးအတွက်လာပြီးဆွေးနွေးမည်
မနက်ထဲကဂျောင်ဂုထယ်ယောင်းကို မှာကြားရေးတွေလုပ်နေရတာ ဟိုဘက်ကသူဌေးလာရင် တလွဲတွေမလုပ်ဖို့ သူ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ဖို့စတာတွေကိုတစ်သီတစ်သန်းကြီးပြောလိုက်ရတာ ဆိုတာဖတ်ဖတ်ကိုမောနေတာပဲ

ငါ့ဟာငါ သူဌေးအလုပ်ရောအတွင်းရေးမှုးအလုပ်ရောလုပ်ရင်တောင်အာ့လောက်မောမှာမဟုတ်ဘူး
သတိမပေးလို့လဲမရဘူး ဟိုက CEOရဲ့စိတ်ကလက်တစ်ဆစ်ရယ် သူစိတ်ဆတ်တာကဟိုဘက်ကိုမမှီဘူး

နေ့လည်နှစ်နာရီလောက်ကျ သူဌေးမင် ကသူတို့ company အောက်ကိုရောက်နေပြီဆိုပြီး မန်နေဂျာချွဲကလှမ်းပြောတယ်
သူလဲကုတ်အင်္ကျီကိုသေသေသပ်သပ်ပြန်ပြင်နေတုန်း အနားကိုလှစ်ခနဲရောက်လာတဲ့ အတွင်းရေးမှုး
သူဌေးရဲ့နက်ကတိုင်စောင်းနေလို့တဲ့
ဟိုတစ်ခါကလဲကင်ထယ်ယောင်းကိုအနီးကပ်မြင်ဖူးပေမယ့် ဒီတစ်ခါကပိုပြီးနီးကပ်နေသည်
တစ်ယောက်အသက်ရှုသံတောင်တစ်ယောက်ကြားနေရသည်
မျက်လွှာလေးအောက်ချပြီး အာရုံတစိုက်သူ့နက်ကတိုင်ကိုပြင်ပေးနေတဲ့ကောင်လေးကို ဂျောင်ဂုမျက်တောင်မခတ်တမ်းလိုက်ကြည့်နေတာ

သူတစ်ခုခုကိုအာရုံထားပြီးလုပ်ပြီဆိုရင် ဆူဆူထွက်လာတဲ့နှုတ်ခမ်းကတော်တော်အသည်းယားဖို့ကောင်းတယ်
နီရဲစိုစွတ်နေတဲ့နှုတ်ခမ်းတွေက သူ့ကိုတစ်ခုခုခံစားမိစေတယ် အာ့တစ်ခုခုကဘာမှန်းသူကိုယ်တိုင်လဲမသိဘူး
မျက်နှာချင်းဆိုင်မြင်နေရတဲ့ထယ်‌ယောင်းရဲ့မျက်နှာနားကို ဂျောင်ဂုသူကိုယ်တိုင်ပင်မသိလိုက်ဘဲ တဖြည်းဖြည်းတိုးသွားတယ်

ထယ်ယောင်းသူဌေးရဲ့ နက်ကတိုင်တွေကိုပြင်ပေးနေတုန်း တစ်ခုခုကသူ့မျက်နာနှားကပ်လာတာကိုခံစားမိနေတယ် သူမော့ကြည့်လိုက်တော့ သူဌေးရဲ့မျက်နှာကသူ့မျက်နှာပေါ်တတ်ကပ်တော့မယ့်အတိုင်းပဲ
*ဒါကဘာအခြေအနေကြီးလဲ*

"သူဌေး ဘာဖြစ်လို့လဲဟင်"

"ဟင်??"

"ကျွန်တော့်မျက်နှာဘာပေနေလို့ အာ့လောက်ထိကပ်ပြီးကြည့်တာလဲ"

MY BABY SECRETARY 🍪🍦[COMPLETED]जहाँ कहानियाँ रहती हैं। अभी खोजें