Ep-1

2.2K 62 5
                                    

Ep-1

ဧကရာဇ်ဇိုင်း (အလင်းနှင့် အမှောင် နှစ်ခုလုံးရဲ့ဘုရင်)
ဇိုင်းအလုပ်ကိစ္စကြောင့် နော်ဝေကို လာခဲ့ရင်း

“အား...ဒုန်း...”
ဇိုင်းကိုအရှိန်းပြင်းပြင်းနဲ့ တစ်ဟုန်တိုးဝင်တိုက်လာတဲ့အရိပ်တစ်ခု

“အ...မင်းဘယ်လိုလုပ်လိုက်တာလဲ...လူတစ်ယောက်လုံး လာနေတာမမြင်ဘူးလား....”

“ဟင့်...သားက မမြင်လို့ပါ ဘယ်နားသွားလဲဟင်...”

မေးလည်း မေးဇိုင်းရင်ခွင်ထဲလည်းဝင်ကာအတင်းတင်းကျပ်ကျပ် ဖက်လာသော ထိုကောင်လေး....

“ကိုကို...”

“ဟ..ဘာလဲ...”

သူက ငါ့ကို ဘာလို့ ကိုကို လို့ခေါ်နေတာလဲ...

“ဘာကို ဘာရမှာလဲ ... သားက ကိုကိုချစ်သူလေ...”

ဘာ...ဘာကြီး ... ငါ့ချစ်သူဘယ်က ငါ့ချစ်သူလဲ ဇိုင်းဘဝမှာ ဘယ်သူ့ကိုမှ စိတ်မဝင်စားသလို ရည်းစားလဲ မရှိပါ

“မဟုတ်ဘူး၊ မင်းလူမှားနေပြီ၊ ကိုယ့်ကိုလွတ်စမ်း ကောင်လေး...”

“မလွတ်ဘူး...မလွတ်ဘူး ...”

မလွတ်တဲ့ အပြင်ပိုတင်းနေအောင် ဖက်ထားတဲ့ ကောင်လေးကြောင့်ဇိုင်းမှာ ဘာပြောရမလဲ မသိ

“ကိုကိုက အရမ်းရက်စက်တာပဲ အီး..အူးဝါး....သားကို ထားခဲ့ပြီးသူကျဒီကိုလာနေတယ် သားကိုမယူချင်လို့ မလား အူးဝါး...ကိုကိုက မုန်းစရာကြီး ... သားကို ထားခဲ့တယ်အူးဝါး”

ပြောရင်းဆိုရင်း ငိုကာဇိုင်းကို ထုရိုက်နေသူ

“ဟာ ဟေ့ မငိုနဲ့ လေ...မင်းလူမှားနေတဲ့ လို့ ကိုယ်ပြောနေတယ်လေ...”

“ငိုမှာပဲ...ငိုမှာပဲ...ဟီး...ဟင့်..ဟင့်...ဘာကို လူမှားရမှာလဲ ...ကိုကိုကို လူမှားစရာလား...ကိုကိုက သားကို ညာပြန်ပြီး အူးဝါ...ကိုကိုပြောတော့ ကိုကိုနဲ့ လပ်ထပ်ပြီး အတူသွားကြမယ် ပြောပြီးတော့..အခုကြ သားကို ထားခဲ့ပြီးဒီမှာ တစ်ယောက်ထဲလာနေတယ် အူးဝါး ...ကိုကိုက လူဆိုးကြီး...

“ဟေ့ကောင် ဇိုင်း ဘာဖြစ်နေတာလဲ...”

“ဘာဖြစ်နေတာလဲ မင်းမမြင်ဘူးလား...လင်းလက်..”

Mafia လေး၏အတိတ်မေ့နေသောချစ်သူ (Dangerous love)Where stories live. Discover now