EP-2

722 37 2
                                    

Mafia လေး၏အတိတ်မေ့နေသောချစ်သူ

(Dangerous love)

Ep-1

“မင်းနာမည် ဘယ်လိုခေါ်လဲ ပြောပါအုန်း...”

“ကိုကိုက သားနာမည်ကိုတောင်မသိတော့ဘူးလား အူးဝါး ကိုကိုက သားကို မချစ်တော့ဘူး အူးဝါး .. ”

“မဟုတ်ဘူလေး ငါ့ အဲ... ကိုကိုက မင်းပြောတာလေးကို ကြားချင်လို့ပါ...”

“ဟုတ်လို့လား...”

ဟုတ်လို့လားဆိုပြီး မျက်လုံးလေးပေကလပ် ပေကလပ် လုပ်နေပုံက အသဲယားစရာလေး..

“omm.”

“သားနာမည်က မိုင်အဝေး ဟိုစုန်းမကြီးတွေက အဲ့လိုပဲ ခေါ်တာ...သားလဲ သေချာမသိဘူး သား သိတာကိုကိုက သားချစ်သူ... သားအပိုင် ...”

“ဟုတ်ပါပြီ...”

မိုင်အဝေးတဲ့လား မိန်းကလေး မဆန်လွန်းဘူးလား ဒါပင်မဲ့ သူနဲ့တော့လို့ က်ပါတယ်

ဇိုင်းကိုယ်ပိုင်လေယာဉ်ရောက်တာနဲ့ မိုင်အဝေးဆိုတဲ့ လူသားလေးကို ပွေ့ချီခါလေယာဉ်ပေါ်တတ်လိုက်သည်။

“ဝါး...တကယ်ကြီးကိုကိုက သားကိုခေါ်သွားမှာကို ... ဟေး... သားကို ကာကွယ်ပေးတဲ့ ကိုကိုကိုချစ်လိုက်တာ..”

ပျော်နေပုံလေးက ချစ်စရာကောင်းလိုက်တာ သူလေးက နူ့နူ့ညံ့ညံ့လေးနဲ့ ချိုမြိန်တဲ့ ပုံစံလေး သူက ဇိုင်းကို တစ်ခါထဲ အကောင်လိုက်မြိုချပစ်ချင်အောင် လုပ်နေတာပဲ...

“မင်းငါ့ကို ယုံလား ...”

“ဟီ...သားက ကိုကို ကို မယုံရင် ဘယ်သူကို ယုံရမှာလဲ ...”

ဒီလူသားလေးက ဖြူဖြူစင်စင်လေး ငါ့အကြောင်းတောင် သေချာမသိပဲ ငါ့သာမကောင်းတဲ့ လူဆို မင်းလေး ဘယ်လိုလုပ်မလဲ

မင်းခြေထောက်နဲ့ မင်းကိုယ့်အနားရောက်လာပြီးမှ မင်းပြန်ထွက်သွားလို့မရတော့ဘူးနော် မင်းထွက်ပြေးရင် ကိုယ်က ဖမ်းချုပ်ထားရလိမ့်မယ်....  အချစ်ဆိုတာကို မယုံကြည်တဲ့ ကိုယ်က ချစ်မိသွားပြီတဲ့လား...ဟူး...

ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်မင်းကို ကာကွယ်ပေးမှာပါ

“မင်းခဏအိပ်လိုက်အုန်းလေ...”

Mafia လေး၏အတိတ်မေ့နေသောချစ်သူ (Dangerous love)Where stories live. Discover now