Ep-7

212 13 1
                                    

Mafia လေး၏ အတိတ်မေ့နေသောချစ်သူ

Ep-7

ဇိုင်းအိပ်ပျော်နေတဲ့ ဝေးကို ရင်ခွင်ထဲထည့်လိုက်ပြီး

ဇိုင်းက လူတစ်ယောက်ကို ချစ်မိရင်...အချစ်ကြီးတယ်  အတ္တဆန်တယ် ချစ်ပြီဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သူ့အချစ်တွေကို  ပုံရချင်တာ

အခုလဲ ဇိုင်းအတ္တကြီးစွာ ကိုယ့်အပိုင် ဟုတ်ပင်မဲ့ ကိုယ့်အပိုင်မဟုတ်တဲ့ ဝေးကို အတိတ်တွေ သတိပြန်မရစေချင်ပဲ....ကိုယ့်အနားမှာပဲတစ်သက်လုံးနေစေချင်တယ်

ကိုယ်ချစ်ရတဲ့လူသားလေးတစ်ယောက်‌ဘေးနားမှာ ရှိနေတဲ့ နေ့ရက်တွေက အရာရာပြီးပြည့်စုံသလိုပါပဲ ကိုယ့်ရဲ့ဘေးမှာ သူရှိနေပါလားဆိုတဲ့အသိစိတ်ကလေးနဲ့တင်ရင်ဘတ်ထဲမှာ သိမ့်ကနဲ နွေးထွေးသွားစေတာမျိုး... ရွေးချယ်မှုတွေ အကြိမ်ကြိမ်လုပ်နေရရင်တောင် မိုင်အဝေးဆိုတဲ့ ဒီလူသားလေးကိုပဲရွေးချယ်နေမိအုံးမယ်ထင်ပါတယ် ။

ဇိုင်း ဝေး ဆံပင်လေးတွေကို လက်နဲ့ ဖွရင်း ဝေးက ချစ်စရာကောင်းလိုက်တာ ဒီလူသားလေးကို ဘယ်လိုလုပ်ရပမလဲ

ဇိုင်းကို မောင်လို့ချွဲလိုက်ကတည်းက. .ဝေး.တစ်ဘဝလုံးကိုကာကွယ်ပေးချင်ခဲ့တာ

ဝေး ကိုယ့်အပေါ် ဘယ်လောက်ပဲ ဆိုးနေ ဆိုးနေ မောင်လို့ခေါ်လိုက်ရင်ဇိုင်းပြုံးနေမိရော ဝေးရဲ့....ချွဲတတ်တဲ့ ပုံစံလေးတွေ . . ဆိုးတာလေးတွေ . . .သဝန်တိုတာလေးတွေ...ချစ်စရာကောင်းအောင် စကားလေးတွေပြောအမူအရာလေး လုပ်ပြနေတာလေးတွေကို ဇိုင်းပိုချစ်မိပါတယ်

ဇိုင်းမျက်လုံးထဲမှာ ကိုကိုက ဘယ်တော့မှ လူကြီးဖြစ်မလာနိုင်တဲ့
ကလေးတစ်ယောက်လိုပဲ မြင်တယ် ဇိုင်း တစ်ခါတလေ ဆူရင်
သူ့နှုတ်ခမ်းစူပြီး..မောင်က သားကို မဆူရဘူးလေးဆိုပြီး စူပုတ်ပုတ်လေး ပြောတတ်တဲ့ ဝေး...ကြောင့် ဒေါသတွေကို ဘယ်ရောက်သွားမှန်းမသိ

ဇိုင်း ...တစ်ခွန်းနှစ်ခွန်းပဲ ဆူမိကာရှိသေး မျက်ရည်လေးတွေ ဝိုင်းပြီး နားထောင်နေသော ...ဝေးဆီမှ..

မောင်က သားကို မချစ်တော့ဘူးလို့ ပြောရင်းမျက်ရည်များကျလာရင်
ဇိုင်းမှာ ကမ္ဘာပျက်မတတ်ပဲ ကိုယ့်ကိုကိုယ်တောင်  ဒေါသတွေ ထွက်မိတယ်...ဝေး မျက်ရည်ကျတာကို ဇိုင်း မလိုချင်ပါi

You've reached the end of published parts.

⏰ Last updated: Aug 05, 2023 ⏰

Add this story to your Library to get notified about new parts!

Mafia လေး၏အတိတ်မေ့နေသောချစ်သူ (Dangerous love)Where stories live. Discover now