[part-1]

5.8K 234 13
                                    

"unicode"

*ဒုန်း!*

jungkookတယောက်ကားကိုဒေါသတကြီးနဲ့အရှိန်ပြင်းပြင်းမောင်းလာရင်းတနေရာအရောက်ကောင်လေးတယောက်ကပြေးထွက်လာတာနဲ့တန်းတိုးသည် ကားဘရိတ်အမြန်အုပ်လိုက်ပေမဲ့အချိန်မမှီတော့ခြေတိုက်မိသွားလေပြီ..မဆင်မခြင်ကားကိုအရှိန်တင်ကာမောင်းလိုက်မိတဲ့သူ့လုပ်ရပ်ကြောင့်jungkookတယောက်ထိတ်လန့်သွားပြီးကားပေါ်ကအမြန်ပြေးဆင်းကာထိုကောင်လေးကိုသွားကြည့်မိသည်။

"သေသွားပြီလားမသိဘူး ဒုက္ခပဲ.."

သွေးအိုင်ထဲလဲနေတဲ့ကောင်လေးကြောင့်jungkookအသက်ရှူမရှူစမ်းသပ်ကြည့်တော့ရှူသေးသည်မလို့ပွေ့ချီပြီးဆေးရုံသို့အမြန်မောင်းလာခဲ့သည် ဆေးရုံထဲရောက်တော့ဆရာဝန်များပြေးထွက်လာပြီးသွေးတွေနဲ့ကောင်လေးကိုခေါ်သွားကြပြီးအရေးပေါ်​ခွဲစိတ်ခန်းထဲသို့ဝင်​သွားကြသည် ခွဲစိတ်ခန်းမဝင်ခင်ခွဲစိတ်ဖို့အုပ်ထိန်းသူရဲ့လက်မှတ်လိုတာကြောင့်jungkookကပဲထိုကောင်လေးရဲ့အုပ်ထိန်းသူနေရာဝင်ယူကာထိုးပေးလိုက်ရသည်။

အဲ့ဒီကောင်လေးတစ်ခုခုမဖြစ်​ပါစေနဲ့ဆုတောင်းရင်း ရင်တမမနဲ့jungkookခွဲစိတ်ခန်းရှေ့ထိုင်ခုံပေါ်မာထိုင်စောင့်နေမိသည် သူ့အမှားကြောင့်သူတပါးအသက်ဆုံးရှုံးလိုက်ရရင်သူ့ဘဝတလျှောက်လုံးနောင်တရနေမှာအသေအချာ

1နာရီကြာလဲထွက်မလာ..2နာရီကျော်လဲထွက်မလာတာကြောင့်jungkookစိတ်တွေတည်ငြိမ်အောင်ထားနေရသည် 4နာရီလောက်ကြာတော့မှဆရာဝန်တွေခွဲစိတ်ခန်းထဲကထွက်လာကြသည်။

"ခွဲစိတ်မူ့အောင်မြင်ပါတယ်ဗျ ခေါင်းကိုအရမ်းမထိခိုက်သွားလို့တော်သေးတယ်ပြောရမယ် အခြေအနေကစိတ်ချရပါပြီ လူနာနိုးလာရင်အခြေအနေကိုစောင့်ကြည့်ဖို့တော့လိုသေးတယ်ဗျ ခေါင်းကိုနည်းနည်းထိခိုက်သွားလို့လေ"

"ကျေးဇူးပါဒေါက်တာ..ကျေးဇူးပါ"

ဘယ်သူ့မှကျေးဇူးတင်စကားရှားတဲ့jungkookမှာဆရာဝန်တွေကိုအခေါက်ခေါက်အခါခါကျေးဇူးတင်နေမိသည်

ကောင်လေးရဲ့ဆေးရုံစရိတ်နဲ့ဆေးဖိုးအားခတွေကိုသူပဲအကုန်လိုက်ရှင်းပေးပြီးဆေးရုံရဲ့vipတွေသီးသန့်ထားတဲ့အခန်းကိုငှားပေးလိုက်ပြီးသူထိုင်စောင့်ပေးနေမိသည်
ခနအကြာတော့သူ့အတွင်းရေးမှူးRayကအလောတကြီးရောက်လာခဲ့သည်။

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now