[part-5]

1.7K 96 3
                                    


"unicode"

companyထဲဝင်လိုက်တာနဲ့ဝန်ထမ်းတွေအသင့်ကြိုကြသည် အချိန်တိကျပြီးပေါ့ပျက်ပျက်ဆန်တာမကြိုက်တဲ့CEO jeonဟာအရမ်းတိကျပီးတည်ကြည်ဖြောင့်မတ်တဲ့လူတယောက်ဖြစ်ပြီးဘယ်လုပ်ငန်းရှင်မဆိုလေးစားရတဲ့စံပြလူတဦးဖြစ်သည် အသက်အရ32သာရှိသေးသူဖြစ်ပြီးအခုထိတကိုယ်တည်းသမားဖြစ်နေသည် လာချဥ်းကပ်တဲ့သူတွေတော်တော်များများရှိပေမဲ့အကုန်လုံးကိုလျစ်လျူရှုထားပီးအေးစက်လွန်းရေခဲတုံးလို့ခေါ်ယူရတဲ့ceo jeonဖြစ်သည် ဘယ်သူ့မှလဲစိတ်မဝင်စားသလိုအလုပ်ကိုပဲအာရုံစိုက်တတ်သည့်လူဖြစ်၏

ceo jeonဘေးမှာပါလာသည့်ခပ်ငယ်ငယ်အထက်တန်းကျောင်းသားပုံစံပေါက်နေတဲ့ကောင်လေးတယောက် ထိုကောင်လေးရဲ့လက်ကိုလည်းဆွဲထားသေးသည် အတွင်းရေးမှူးrayကတော့သိမ်အံသြမနေ အစကတည်းကceo jeonရဲ့ကလေးလေးကိုခေါ်လာမှာသူကြိုခန့်မှန်းမိသည်

jungkookရဲ့ရုံးခန်းထဲရောက်တော့မှကိုင်ထားတဲ့လက်သွယ်သွယ်လေးကိုလွှတ်ပေးလိုက်သည် တလျှောက်လုံးသူ့နားကိုကော်လိုကပ်ကာလိုက်လာတဲ့ကောင်လေးကဝန်ထမ်းတွေအများကြီးမလို့ကြောက်သည်ထင် ဒါကြောင့်ကလေးငယ်ရဲ့လက်ကိုမလွှတ်ပဲဆုပ်ကိုင်ထားခဲ့တာ

"ဦးဂျွန်က တကယ်မိုက်လိုက်တာ..ဟီး လေးစားစရာကောင်းတယ် အခုကစsir.jeonလို့ခေါ်ရမယ်"

"စိတ်ကြိုက်သာခေါ် မင်းသဘော"

"ဝါး မိုက်တယ်အကုန်လုံးက ဒါဦးဂျွန်ထိုင်တဲ့နေရာပဲ"

သူတယောက်တည်းထိုင်ခွင့်ရှိတဲ့ခုံပေါ်ကိုပြေးသွားထိုင်ပြီးဆရာကြီးဂိုက်ဖမ်းနေသည့်ချာတိတ်ပုံစံလေးကိုကြည့်ပြီးနှုတ်ခမ်းတွန့်ရုံလောက်ပြုံးသွားသည်

အင်း..တကယ့်မျောက်လောင်းလေး

ပက်ကြည့်လို့မောသွားပြီထင်ဆိုဖာပေါ်လှဲနေတဲ့taehyung

"ကိုယ်အလုပ်လုပ်ဦးမယ် အဆာပြေစားစရာမုန့်တွေအစုံဝယ်ထည့်ပေးထားတယ်အနောက်ကဘီရိုရဲ့အံဆွဲတွေထဲမှာ လိုအပ်တာရှိရင်အတွင်းရေးမှူးrayကိုခေါ်လိုက်"

"yes sir!"

အလေးပြုသလိုလုပ်ပြီးပြောလာတဲ့ကောင်လေးကြောင့်jungkookခေါင်းသာခါမိသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now