[part-23]

1.3K 90 12
                                    

"unicode"

taehyungအိပ်ရာကနှိုးလာတော့ညနေရောက်ပြီဖြစ်တယ် အိပ်ချင်မူးတူးနဲ့ထထိုင်လာပြီး စားပွဲပေါ်ကနာရီကိုကြည့်လိုက်သည်

"ညနေတောင်ရောက်နေပြီပဲ"

ခေါင်းနည်းနည်းနောက်နေတာမို့ ရေချိုးဖို့ပြင်လိုက်သည်

ရေချိုးအပြီးbathrobeမီးခိုးရောင်ကိုဝတ်ကာထွက်လာတော့ စားပွဲပေါ်ကပန်းစည်းတွေကိုtaehyungမြင်သွားသည်

ဒါကသူဆေးရုံတက်နေတဲ့အတောအတွင်း
ဘယ်သူမှန်းမသိရတဲ့လူတစ်ယောက်ပေးတဲ့ပန်းစည်းတွေ ပန်းစည်းတိုင်းမှာစာကတ်လေးတွေပါသည်..။

ဒါတွေလာပေးလို့ရင်ခုန်မဲ့အထဲလည်းသူမပါ ။ဘာရည်ရွယ်ချက်နဲ့ပေးသလဲဆိုတာလဲသူစိတ်မဝင်စားဘူး။ ဦးဂျွန်ပေးတာမဟုတ်ပဲတခြားသူစိမ်းပေးတာဆိုလည့်တောင်မကြည့်..။

ထိုပန်းစည်းတွေကိုစားပွဲပေါ်ကဆွဲယူပြီးစတိုခန်းထဲ ဝုန်းကတည်းပစ်ထည့်လိုက်သည့်taehyung..။

taehyungအင်္ကျီလဲကာအိမ်အောက်သို့စိတ်တိုစွာဆင်းသွားတော့ အလန့်တကြားလည့်ကြည့်လာတဲ့maidတွေ..။

"ဟိုပန်းစည်းတွေကိုဘယ်သူကျွန်တော့်အခန်းစားပွဲပေါ်မှာတင်ပေးသွားတာလဲ?"

မျက်မှောင်ကြီးကျုံ့ထားပြီးအေးစက်စက်အမေးကြောင့်maidတွေအကုန်လန့်ကုန်ကြသည်

kimအိမ်တော်မှာသခင်လေးtaehyungကိုအကြောက်ရဆုံး ဒေါသထွက်ပြီဆိုသူတို့တွေရှောင်လွဲလို့မရဒူးတုန်အောင်ကြောက်ကြသည်

အိမ်တော်ထိန်းအဒေါ်ကြီးကထွက်လာပြီး

"taehyungလေး...ဘာတွေဖြစ်နေတာလဲ"

"ကျွန်တော့်အခန်းထဲကစားပွဲပေါ်မှာဘယ်သူဒီပန်းစည်းတွေလာထားပေးသွားတာလဲမေးနေတာ"

"အော် အဲ့တာလား...ဟိုကောင်မလေးတွေနင်တို့ကိုပေးလိုက်တာမလား မေးနေတာဖြေကြလေ..."

အဲ့တော့မှ maidထဲကအသက်အလတ်ပိုင်းလောက်ကကောင်မလေးကထွက်လာပြီး

"ဟို..ကျွန်မထားလိုက်တာပါ"

taehyungရဲ့အကြည့်စူးစူးတွေကအဲ့ဒီမိန်းခလေးဆီကျရောက်သွားသည်

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now