[part-13]

1.1K 69 5
                                    


"unicode"

ထယ်ယောင်းပြန်လာတာနဲ့ဧည့်ခန်းထဲမှာထိုင်နေတဲ့ဆော့ဂျင်ကိုတွေ့ရသည်

"ကျွန်တော်ပြန်လာပြီ မုန့်တွေလဲဝယ်လာတယ်ဂျင်ဂျင်အတွက်ဒါက"

"အော..ရပါတယ်ကွာ ထယ်ယောင်းလေးသာဝအောင်စား"

"ဂျင်ဂျင်မုန့်ကြိုက်တာသိလို့ဝယ်လာပေးတာမို့ ယူလိုက်နော်"

ပြုံးပြုံးလေးနဲ့ပြောပြီးအိမ်ပေါ်သို့တတ်သွားသည့်ထယ်ယောင်းကြောင့် ဆော့ဂျင်ကြည့်နေရင်းအတွေးတွေများနေရ၏

"အာ..ငါအတွေးများနေပြီပဲ...မဖြစ်နိုင်လောက်ဘူးမလား"

ခေါင်းခါလိုက်ကာ သူ့အတွေးတွေကိုဂျင်ခေါင်းထဲကထုတ်လိုက်သည်

ထယ်ယောင်းအိမ်ပေါ်သို့ခပ်မြန်"ပြေးတက်ကာ နောက်တော့ဒယ်ဒီဆီကဖုန်းကောဝင်လာသည်မလို့ကိုင်လိုက်သည်

"ဟယ်လို သားငယ်"

"ဟုတ်ကဲ့.."

"အခုမှပဲအသံလေးကြားရတော့တယ် ဘယ်တွေများခရီးတွေထွက်နေတာလဲ သားငယ်"

"ဒယ်ဒီကလဲသားကခရီးထွက်ရတာကြိုက်တာဒယ်ဒီ အသိပဲလေ အလုပ်ကိစ္စကောပါတာမလို့ကြာနေတာပါ ဒယ်ဒီကောအဲ့မှာမျက်စိခွဲတာအဆင်ပြေရဲ့လား"

"အင်း အကုန်လုံးပြေပါတယ် ဒီမှာကနေရအဆင်ပြေတယ်"

"ဂရုစိုက်နော် သားကဘာမှမဖြစ်ဘူးစိတ်မပူနဲ့"

"မပူစရာလား ဒယ်ဒီကျားပေါက်လေးကို မကြာခနဖုန်းဆက်ပါဦး ပျောက်သွားလိုက်တာများ ဖုန်းဆက်ဖော်တောင်မရဘူးငါ့သားငယ်လေးတို့များ"

"ဟီး ဖုန်းသိမ်မကိုင်ဖြစ်လို့အလုပ်ကိစ္စတွေရှုပ်နေတာမလို့ပါ သားကဒယ်ဒီကိုလွမ်းတာပေါ့ဗျာ"

"လွမ်းသေးတာလား မသိပါဘူးကွာဒယ်ဒီကိုမေ့များမေ့နေပြီလားလို့"

"မဟုတ်တာ သားကသတိရနေတာပါနော် ဟွန်း"

"ဒယ်ဒီလဲလွမ်းနေတာသားငယ်လေးကို ဖုန်းဆက်မရလို့ပြန်လာမလို့တောင်လုပ်နေတာ"

"အဲ့မှာပိုနေရ​တာဒယ်ဒီအတွက်အဆင်ပြေတယ်လေ ပြီးတော့ဒယ်ဒီကျန်းမာရေးအရအဲ့မှာကစိတ်ချရတာမလို့ပြန်မလာသေးပါနဲ့ဦး"

𝖬𝖺𝗀𝗇𝗂𝖿𝗂𝖼𝖾𝗇𝗍 𝖫𝗈𝗏𝖾 𝖻𝗈𝗇𝖽 [complete]Where stories live. Discover now