အပိုင်း ၃၁

3.7K 256 11
                                    

Unicode

သူတို့ အပြင်သွားကြလျင်တောင် တခြားလူတွေက ဖန့်ထျန်းကျိုနှင့် တစ်စားပွဲတည်း အတူတူစားဖို့ အခွင့်မရှိတာကြောင့် ကျန်းဖုယန်နှင့် ဟယ်ကျန်းတို့ကသာ ဒီစားပွဲတွင် ထိုင်နိုင်ပါသည်။
ဟယ်ကျန်း ဗိုက်ပြည့်သွားပြီးနောက် သူ အခန်းအပြင်ထွက်ပြီး လမ်းလျှောက်လိုက်ရမလားဟု ဖန့်ထျန်းကျိုအား မေးလိုက်တော့ "မင်း အောက်ထပ်ကို ဆင်းချင်ရင် ကိုယ် နောက်မှ ခေါ်သွားပေးမယ်။"

"ကောင်းပါပြီ"

အောက်ထပ်သို့ မဆင်းနိုင်တော့ဘဲ ဟယ်ကျန်း အပေါ်ထပ်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေတုန်း နင်းယင်က အရေးရှိခဲ့သည်ရှိသော်ဆိုပြီး ဓားဆွဲကိုင်ကာ ခပ်လှမ်းလှမ်းကနေ သူ့ကို ကြည့်နေ၏။

သည်စားသောက်ဆိုင်က မြစ်ကို မျက်နှာမူထားတာဖြစ်ပြီး မြင်ကွင်းက အရမ်းကောင်းလှသည်။ ပြတင်းပေါက်မှာ လဲလျောင်းနေရင်း လှေတွေ ဆိုက်ကပ်နေတာတွေ ပျားပန်းခတ် အလုပ်များနေကြတဲ့ အလုပ်သမားတွေကို တွေ့နိုင်မှာဖြစ်ပြီး မြစ်ကမ်းဘေးတွင်လည်း မိုးမခပင်တွေ ပေါက်ရောက်နေကြသည်။

စန္ဒယားတီးခတ်သံ သဲ့သဲ့ကိုလည်း ကြားနေရ၏။
ဟယ်ကျန်း နည်းနည်းလောက် သိချင်သွားရကာ "အဲ့တာက ဟွားလုံရဲ့ လှေလား" ဟု မေးလိုက်သည်။
နင်းယင်ထံမှမဟုတ်သော အသံတစ်သံ ထွက်လာ၏။ "အဲ့တာ ချွင်းလုံရဲ့ ပန်းချီလှေ။[1]"

လော့ယွမ်ဟော!

ဟယ်ကျန်း နှလုံးခုန်သံတို့ ချက်ချင်းဆိုသလို မြန်သွားကာ ပြုံးပြီး "လှတယ်" ဟု ပြောလိုက်၏။
ထို့နောက် သူ အေးဆေးတည်ငြိမ်စွာဖြင့် ပြတင်းပေါက်မှ မျက်နှာလွှဲလိုက်ကာ လှည့်ကြည့်လိုက်ရာ သူနှင့် ခြေလှမ်းအနည်းငယ်သာ ဝေးသောနေရာတွင် ရပ်နေသည့် လော့ယွမ်ဟောကို တွေ့လိုက်ရသည်။

သူက ပဟေဠိဖြစ်နေသည့် နင်းယင်းကို တစ်ချက်ကြည့်လိုက်ကာ သူ့ဦးရေပြားတို့က လော့ယွမ်ဟော၏ စိုက်ကြည့်နေသည့်အကြည့်တို့အောက် ထုံကျင်သွားတော့သည်။ သူ မည်သို့မှ မတတ်နိုင်တော့ဘဲ ခပ်မြန်မြန်လမ်းလျှောက်ပြီး သူ့ကို ကျော်သွားလိုက်ကာ ကြိုတင်မှာယူထားသော အခန်းဆီသို့ ပြန်သွားလိုက်ပြီး သူ့ကိုယ်သူ ကုတင်ပေါ်သို့သာ ပစ်လှဲချလိုက်လေတော့သည်။

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားWhere stories live. Discover now