အပိုင်း ၃၃

1.1K 209 8
                                    


ဖန့်ထျန်းကျို နောက်ဆုံးတော့ ပြောလိုက်လေပြီ။

သူ လွတ်မြောက်ဖို့ ကြိုးစားမှု ပျက်သွားပြီးကတည်းက ဟဲကျန်းရဲ့ နှလုံးသားထဲမှာ ကျောက်တုံးကြီးတစ်ခု တွဲလောင်းဆွဲခံထားခဲ့ရတာဖြစ်သည်။ ဖန့်ထျန်းကျိုက အဲ့ဒီ့စကားကို ပြောလိုက်တာနဲ့ သူ မထင်မှတ်ပဲ စိတ်အေးလက်အေး ခံစားလိုက်ရသည်။

ဒါပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအရ သူ့ကို တစ်ခု သဘောပေါက်စေခဲ့သည်။ ဖန့်ထျန်းကျိုက ဒီကလေးကို တကယ်လိုချင်နေခဲ့တာပဲ၊ အဲ့လိုမှမဟုတ်ရင် သူ့တုံ့ပြန်မှုစပြတာနဲ့ ဆရာဝန်ကို ခေါ်မှာမဟုတ်၊ အချိန်က အကြားအလပ်တောင် မရှိခဲ့ဘူးလေ။

ဖန့်ထျန်းကျိုက သူ့ကို ကုတင်ပေါ် ချပေးလိုက်ကာ ခပ်ပြောင်ပြောင်တင်းတင်း ကြည့်နေခြင်းကြောင့် သူ ခဏတော့ တုန်လှုပ်ကြောင်အမ်းသွားရ၏။
"တော်ဝင်နန်းတွင်းသမားတော်ကြီး၊ မင်း အနားယူနိုင်ပြီ" ဖန့်ထျန်းကျိုက ပေါ့ပေါ့ပါးပါးပြောလိုက်တော့ လော့ယွမ်ဟော်က မြေပြင်မှ ဖြည်းညှင်းစွာထကာ ဦးညွှတ်လျက် နောက်ပြန်ဆုတ်ကာ ထွက်သွာတော့သည်။ ခဏအကြာမှာတော့ အခန်းထဲ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့တော့၏။

ဟယ်ကျန်းက သူ့ကို စူးစိုက်ကြည့်နေဆဲဖြစ်တာကြောင့် ဖန့်ထျန်းကျိုက သူ့ဆံနွယ်တို့ကို သပ်ပေးလိုက်ကာ "ကိုယ်တော့်ကို ဘာလို့ ဒီလိုကြည့်နေတာလဲ?"

ဟယ်ကျန်းက မျက်လွှာချလိုက်ကာ သူ့အဝတ်အစွန်းကို လက်ချောင်းများဖြင့် ဆုပ်ကိုင်လိုက်ပြီး "ဘာလို့လဲ?"

ဖန့်ထျန်းကျို၏ ပြုံးနေသော အမူအရာတို့က အနည်းငယ် ယုတ်လျော့သွားရ၏၊ ဟယ်ကျန်းက မျက်နှာကို မော့လိုက်ကာ ထင်မထားလောက်အောင် တည်ငြိမ်သော နှလုံးသားနှင့် ပြောလိုက်သည်၊ " အရှင်မင်းကြီးက ကျွန်တော် ထွက်ပြေးမယ်ဆိုတာ သိတယ်၊ ဘာလို့ ထုတ်မပြောခဲ့တာလဲ? အောင့်ထားခဲ့တာပဲ။"

ကျန်းအာက ကိုယ်တော့်ကို ဘယ်တုန်းကမှ အမှန်အတိုင်း မပြောခဲ့ဖူးဘူး။"

"ကျွန်တော်က အရှင်မင်းကြီး ကျွန်တော့်ကို သတ်မှာကြောက်လို့ပါ" ဟယ်ကျန်းက သူ့ကို အရိပ်တကြည့်ကြည့်နှင့် ပြောလိုက်သည်၊ "ဘာလို့ သည်းခံခဲ့တာလဲ? ကျွန်တော် ကလေးမွေးပေးပြီးတဲ့အထိ စောင့်နေပြီးမှ စာရင်းရှင်းမလို့လား?"

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားWhere stories live. Discover now