အပိုင်း ၃၈

628 96 3
                                    

ထိုသူနှစ်ယောက်က သူတို့ကိုယ်သူတို့ မနည်း တည်ငြိမ်အောင် လုပ်လိုက်ကြသော်လည်း နောက်ဆုံးတော့ မထိန်းနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ဖန့်ထျန်းကျိုက အေးစက်နေပုံရနေသည့်အတွက် ဟယ်ကျန်း၏နှလုံးသားတို့ ပြင်းထန်စွာခုန်သွားတော့၏။ နောက်မှ ပြန်တွေးကြည့်တော့ ဒါက အံ့ချည်းလောက်ဖွယ် ဖြတ်ခနဲ အနမ်းတစ်ပွင့်ကြောင့်သာ ဖြစ်မည်။ သူ ထိန်းမထားနိုင်တော့ဘဲ ရီမိမတတ် ဖြစ်သွားရတော့၏။ ကံကောင်းတာက သူ့ကိုယ်သူ အချိန်မီ ပြန်ထိန်းထားနိုင်လိုက်ပီး အပစ်ရှိစိတ်နှင့် ခေါင်းငုံ့ချလိုက်တော့သည်။

အနောက်ဖက်မှာတော့ သတ်ဖြတ်ရန် ကြွေးကြော်နေကြပြီး သူတို့ တကယ်ပဲ ပုန်ကန်သူတွေ၏ လိုက်အဖမ်းကို ခံနေကြရခြင်းပင်။ ဖန့်ထျန်းကျိုက လက်နောက်ပြန်ဖြင့် ဓါးတစ်ချောင်းကို ကိုင်ထားပြီး အရပ်မျက်နှာ အဘက်ဘက်ကို ခုတ်လွှဲသတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေပေမဲ့ သွေးသံရဲရဲ မြင်ကွင်းတွေကို မမြင်ရဲတဲ့ ဟယ်ရှန်းရှိုးကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတော့ ပတ်ဝန်းကျင်က ပုန်ကန်သူတွေကို သတ်ဖြတ်ပစ်လိုက်ချင်စိတ်ကို ဘေးဖယ်လိုက်ကာ တစ်ဖက်ခြမ်းသို့ အမြန်ပဲ လျှောက်သွားလိုက်တော့သည်။ ဟယ်ကျန်းက ချက်ချင်းပဲ သူ့နောက်ကို အမီလိုက်သွားလိုက်၏။

ဖန့်ထျန်းကျိုက တောင်ကြားလမ်းချောင်နောက်တွင် တိတ်တဆိတ်ပုန်းလိုက်စဥ်မှာတော့ ဟယ်ကျန်းက သူ့လက်မောင်းတွေကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး သတိအနေအထားနှင့် အသက်ရှုအောင့်ကာ သူ့ဘေးတွင် အားနည်းစွာ ကုန်းကုန်းကွကွရပ်လိုက်သည်။ ဖန့်ထျန်းကျိုက ဖြူဖျော့ဖျော့လက်ချောင်းလေးတွေကို တစ်ချက်ကြည့်လိုက်တော့ ဟယ်ကျန်းက တိတ်တဆိတ်ပဲ လက်ကို ပြန်ရုတ်သွားကာ သူ့အင်္ကျီစကို ပြောင်းကိုင်လိုက်သည်။ သတ်ဖြတ်သံတွေက တဖြည်းဖြည်း ဝေးကာ တိုးတိမ်သွားတော့မှ ဟယ်ကျန်း သက်ပြင်းရှည်တစ်ချက် ချလိုက်တော့၏။ ဖန့်ထျန်းကျိုက မတ်မတ်ရပ်လိုက်တော့ ဟယ်ကျန်းလည်း အမြန်ပဲ ထရပ်လိုက်ပြီး သူ့အင်္ကျီစအစွန်းကို ကိုင်ထားတာကို ခါချလိုက်မှာစိုးသည့်အလား ဆက်ပြီး တွယ်ကပ် ဆွဲထားလိုက်သည်။

အာဏာရှင် ဧကရာဇ်၏ ဧကရီမိဖုရားWhere stories live. Discover now