Chapter 2 - သားချော့တေး

24 3 4
                                    

လေပြေ ရယ်တဲ့လေ...

ဒီနာမည်လေးကို ခေါ်သူမရှိခဲ့တာ ဘယ်လောက်တောင်များ ကြာခဲ့ပြီလဲ?...

သူ့ မိရင်းဖရင်းတွေ ပေးခဲ့တဲ့ 'တိုးမောင်' ဆိုတဲ့ နာမည်ကို တောဆန်လို့ သူ ဘယ်လောက်တောင်မှ မကြိုက်မှန်း ဒေါနဲ့မောနဲ့ ပြောပြခဲ့တုန်းက ကြားခဲ့ရတဲ့ ရယ်သံသဲ့သဲ့လေးကို သူ မှတ်မိနေပါသေးတယ်...

ဩရှရှလေးနဲ့ နားထောင်လို့ ရယ်သံလေးတွေ...

သူ့ကိုယ်သူ ပေးထားတဲ့ 'လေပြေ' ဆိုတဲ့ နာမည်လေးကို လှပါတယ် လို့ ပထမဆုံး ချီးကျူးခဲ့ဖူးသူပါလေ...

ဒါတင်မကသေးဘူး၊ သူ သီချင်းဆိုတဲ့အခါ သိပ်ကို နားထောင်လို့ကောင်းတယ်လို့ ပထမဦးဆုံး ချီးကျူးခဲ့သေးသားပဲ။

သူ့ အသံလေးက ကရုဏာအသံဆိုပြီးတော့လဲ ရှာရှာဖွေဖွေ မှတ်ချက်ပြုခဲ့သေးတယ် မဟုတ်လား။

အဲ့ဒီလူ၊ သူ့ရင်ထဲမှာ စွဲကျန်ရစ်ခဲ့တဲ့ အဲ့ဒီလူ...

သူငယ်ချင်း အဖြစ်နဲ့ပဲ နေပေးပါရစေလို့ ခယပေးခဲ့တဲ့ အဲ့ဒီလူ...

သတို့သမီးလေးကို အလှဆုံး ပြင်ပေးခဲ့လို့ ကျေးဇူးတင်စကား တသသ ဆိုပေးခဲ့ပါတဲ့ အဲ့ဒီလူ...

အခု အဲ့ဒီလူမရှိတော့တာ ဘယ်လောက်တောင်များ ကြာမြင့် သွားပြီလဲ? 

ဆယ်စုနှစ် တစ်စုလား၊ ဒါမှမဟုတ် နှစ်စုလား? 

သူ့မှတ်ဉာဏ်ထဲမှာ ဝေဝေဝါးဝါးဖြစ်နေပြီ ဖြစ်တဲ့ အဲ့ဒီလူရဲ့ ပုံရိပ်ကတော့ ငယ်ရွယ်နေတုန်း ပျိုမြစ်နေတုန်း...

ဒါပေမဲ့ တခါက မုန်းပါတယ်ဆိုတဲ့ 'တိုးမောင်' အဖြစ်ကို ပြန်ခံယူခဲ့တဲ့ သူကတော့ ဇရာရဲ့ နှိပ်စက်တဲ့ ဒဏ်ကို စတင်ခံစားနေရပြီ။

လေးဖင့်နေတဲ့ ခန္ဓာကိုယ်က ပင်ပန်းလွယ်သလောက် အိပ်စက်ဖို့ မလွယ်တဲ့ အရွယ်ကို ရောက်လာခဲ့ပြီ။ 

ဒါပေမဲ့ နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ ဂယောက်ဂယက် မက်တဲ့ အိမ်မက်တွေတိုင်းမှာတော့ သူနဲ့ ဆုံနေရတာတုန်း။ 

ငယ်တုန်းရွယ်တုန်းကလို သမုဒ္ဒယရဲ့ စွဲလမ်းမှုကို အရင်းတည် မြစ်ဖျားခံလာတဲ့ တပ်မက်မှုတွေ လှိုင်လှိုင်ထနေတဲ့ အိမ်မက်တွေတော့ မဟုတ်တော့ဘူး။

တို့များ ချစ်ခြင်းမေတ္တာအကြောင်း ပြောကြတဲ့အခါ...Where stories live. Discover now