Chapter -2

14.5K 48 0
                                    

"ဒီနေ့ရာသီဥတု အတော်နေလို့ကောင်းတာပဲ"

ကျွန်တော့်ရှေ့‌တွင်ရှိသော မိန်းကလေးအား လှမ်းကြည့်၍ ပြောလိုက်သည်။သူမ မလှုပ်မယှက်။ ကျွန်တော်သိတယ် သူမလဲ နေလို့ကောင်းနေမယ်ဆိုတာ .....သိပ်ချစ်တယ် သူမကို သူမကျွန်တော့်ကိုထားခဲ့တော့မှာလဲ သိနေတယ် ... ဒါကြောင့်ရတဲ့နည်းနဲ့အရယူခဲ့တာပေါ့

ကျွန်တော့်အကြောင်းပြောရမယ်ဆိုရင် ကျွန်တော့်နာမည် "အာကာ" .. လူတိုင်းကတော့ ကျွန်တော့ကို ဘောကြီး တဲ့ ဘာလို့လဲ တော့ကျွန်တော်လဲ မသိ ... ကျွန်တော်က တစ်ကောင်ကြွက် မိမရှိဖမရှိကောင်ပေါ့။ အဖေက ကျွန်တော် အသက် ၅ နှစ်မှာ သူ့ငယ်ချစ်ဦးနဲ့ပြန်တွေ့ပြီး အမေ့ကိုထားသွားတယ်။ အမေက အဖေ့စိတ်နဲ့ အဆိပ်သောက် သတ်သေသွားတယ်။ အဘွားက ကျွန်တော့်ကို မွေးစားခဲ့တယ် ။ အဘွားလက်ထဲမှာကြီးလာတယ်ဆိုပါတော့။ ကျွန်တော့ အသက် ၁၆ လူပျိုပေါက်အရွယ်မှာ အဘွားလဲ လူကြီးရောဂါနဲ့ဆုံးသွားတယ်။ အခုတော့ ကျွန်တော် တစ်ယောက်ထဲပေါ့ ။ ကျွန်တော့်အသက် ၂၇ ရှိပြီ။ ကျွန်တော့်နားမှာ ဘယ်သူမှမရှိခဲ့။

တစ်နေ့ ကျွန်တော် ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့တယ်။ လှလိုက်တာဗျာ အာ့တာနဲ့ ကျွန်တော်လဲ ဘယ်မှာနေလဲ ဘာလဲ သိချင်တာပေါ့။ သူ့နောက်လိုက်သွားတယ်လေ...တိုက်ဆိုင်ချက်က ကျွန်တော့်အိမ်နားမှာပဲဗျာ...ကျွန်တော်လဲ ပျော်ပြီး အိမ်ပြန်လာတာပေါ့

နောက်နေ့ သူ့အိမ်ရှေ့သွားပြီး ထပ်ချောင်းတယ်လေ ။ အမှိုက်ထွက်ပစ်တာတဲ့ လှလိုက်တာဗျာ ခန္ဓာကိုယ်ကောက်ကြောင်းလေးက စင်းနေတာပဲ ဘာအဖုအထစ်မှမရှိ ထိရက်စရာမရှိတဲ့ အသားအရေ ..သက်ရှိထင်ရှား နတ်သမီးတစ်ပါးတွေ့လိုက်သလိုပဲဗျာ။ ကျွန်တော်တို့ရပ်ကွက်ထဲ ဒီလိုနတ်သမီးလေး ရှိတာ ယုံတောင်မယုံနိုင်ဘူး။ လည်တိုင်နားလေးတွေမှာ ချွေးလေးတွေဆို့နေတာတဲ့ဗျာ... ကျွန်တော် ပြေးယက်ပေးချင်လိုက်တာ...နာမည်‌လေးလဲ သိလိုက်ရတော့ ပျော်မိတယ်။ လှလိုက်တဲ့နာမည် "မေပျိုရှင်း" တဲ့။နာမည်ရော် လူရော် လှပြီးလိုက် လိုက်တာ။

ကျွန်တော်စားလဲသူ့စိတ် အိပ်လဲသူ့စိတ်ဖြစ်နေပြီဗျာ.. တစ်နေ့လမ်းထိပ်မုန့်ဝယ်ရင်း ကျွန်တော်ဝယ်တဲ့ဆိုင်ကိုသူရောက်လာတယ်။ ရင်တွေခုန်လိုက်တာ တစ်ဒုပ်ဒုပ်ပေါ့။
သူကျွန်တော့အနီးနားရောက်နေပြီလေ။ မုန့်တစ်ထုတ် ကိုလန့်လန့်နဲ့ ကောက်ကိုင်လိုက်တယ်။ သူနဲ့ကျွန်တော် လက်ချင်းထိမိသွားတယ်။ အမလေးဗျာ နုဖက်နေရော်၊ခဏလေးထိလိုက်တဲ့အတောအတွင်းကျွန်တော့်ရင်ထဲဗြောင်းဆန်သွားတယ်။သူမကိုပိုစွဲလမ်းသွားပြီ။ကျွန်တော့်ဘဝတစ်ခုလုံး သူမလက်ထဲကိုပေးလိုက်ပြီ။

"အကို အရင်ယူလိုက်ပါ"တဲ့ ဘယ်လောက်ချစ်ဖို့ကောင်းပြီး နူးညံ့လိုက်လဲဗျာ..တစ်ခြားသူသာဆို သူ့လက်ကိုင်မိလို့ ကျွန်တော်ပါးအရင်ချခံရမှာ။ကျွန်တော်သူမကို ဘာမှပြန်မပြောမိပဲ မုန့်ယူ ပိုက်ဆံပေးပြီး ထွက်ပြေးလာခဲ့မိတယ်။ တုံးလိုက်တာနော် စကားနဲနဲဖြစ်ဖြစ် ပြောလိုက်ရမှာ။ နောင်တရမဆုံး။အိမ်ရောက်တော့ ပြန်တွေးပြီး ရင်ခုန်တာ ကျွန်တော် အိပ်မရစားမရ ဖြစ်သွားတယ်ဗျာ။

ကျွန်တော်အာ့နေ့ကစပြီး ဆုံးဖြတ်လိုက်တယ်။သူမကင့ါအပိုင် သူမကိုငါပဲယူမယ် အရယူမယ်လို့ပေါ့။သူ့နောက်တစ်ကောက်ကောက်လိုက်တယ်။ ထူးခြားတာက သူမက မိန်းကလေးဆိုပေမဲ့ မိန်းမ မဆန်ဘူးဗျ။အစက သူမကိုမိန်းကလေးဆန်ဆန်နူးနူးညံ့ညံ့လေးထင်ခဲ့မိတာ။ အခုကျ ယောက်ျားလေးတွေနဲ့ပဲပေါင်းပြီး လက်ဖက်ရည်ဆိုင်ထိုင် ဂိမ်းဆော့ ဝိသောက် ပြီး အချိန်ဖြုန်းနေတဲ့ ပေါက်ကျော်မလေးပဲဗျာ။
အာ့ပုံစံလေးကလဲ ကျွန်တော့်ကိုတစ်မျိုးဆွဲဆောင်နေတယ်ဗျာ။ ချစ်တဲ့စိတ်နဲ့ကြည့်ရင် ဘယ်လိုနေနေ ချစ်တယ်ဆိုသလိုပေါ့။ ကျွန်တော်မဟုတ်တဲ့ တစ်ခြားကောင်တွေနဲ့စကားပြောတာ မကြိုက်ဘူးဗျာ။ အဆိုးဆုံးက ကျော်ကြီး အာ့ကောင်နဲ့ ဘာတွေလဲမသိ။

အာ့ကောင်အိမ်ဝင်ထွက်နေတာလဲ မကြိုက်ဘူး။ အာ့ကောင်နဲ့အတူသွားအတူစား တာလဲ ကျွန်တော်မကြိုက်ဘူးဗျာ။ အာ့ကောင်ကိုရှင်းထုတ်ပြီး မေပျို့ကို အရယူရမယ်။ ဘာနေနေ မေပျိုကငါ့အပိုင် ငါ့မိန်းမပဲဖြစ်ရမယ်။ဘယ်သူ့အပိုင်မှမဖြစ်စေရဘူး.......တစ်နေ့သူတို့နောက်လိုက်တော့ မေပျိုနဲ့သူ မိုတယ်ထဲဝင်သွားတယ် ကျွန်တော်တွေ့လိုက်တယ်။ကျွန်တော့်ရင်ဘတ် ဗြောင်းဆန်နေပြီ။ အာ့ကောင်ကိုဘယ်လိုသွားသတ်ရမလဲ။ မေပျိုကဘာလို့ အဲ့ကောင်မှလဲ ကျွန်တော် ဘယ်လိုမှမနေတတ်တော့ဘူးဗျာ။ဆက်လဲမတွေးနိုင်တော့ဘူး။ ဆက်တွေးဖို့လဲ ခွန်အားမရှိတော့ဘူး။သူတို့ဘာတွေလုပ်နေမလဲ။ ဘာလို့ ဝင်သွားတာလဲ။သူတို့ကဘာတွေလဲ။ကျွန်တော့ခေါင်းထဲ အတွေးတွေ စီတန်းဝင်လာတယ် ။ ကျွန်တော် မှမရရင် ဘယ်သူ့မှမရစေရဘူး လို့ ဆုံးဖြတ်ချက်ချလိုက်တယ်

Slave Girl Where stories live. Discover now