Chapter -10

9.6K 42 0
                                    

လောက်ကိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နိုင်ငံ ဖြစ်လို့ ကျော်ကြီးတစ်ယောက်မနည်း ရဲလိုက်ရှာနေရသည်။ ကံကောင်းချင်တော့ လှည့်ကင်းလှည့်တဲ့ တရုတ်ရဲတပ်ဖွဲ့နဲ့ သွားတွေ့သည်။ ဘာသာပြန်လဲ ခေါ်ခဲ့တော့ စကားပြောခိုင်းပြီး မေပျိုပြတဲ့ဆီသို့ ခေါ်လာခဲ့လေသည်။မေပျိုပြောတဲ့နေရာရောက်တော့ မေပျိုရှိတယ်လို့ ထင်ရတဲ့ အိမ်ကို တံခါးထုကြည့်လိုက်သည်။

"ဒုန်း ဒုန်း ဒုန်း"

"ဒုန်း ဒုန်း ဒုန်း"

အထဲမှ တံခါးလာဖွင့်သည်။

"ဟင် ကျော်ကြီး"

တံခါးကိုအမြန်ပိတ်ဖို့ ကြိုးစားတော့ ရဲများက ရှေ့မှကာ၍ အာကာ့ကို ဖမ်းဖို့ကြိုးစားလိုက်သည်။ အာကာလဲ အိမ်ထဲပြေးဝင်ထွက်ပြေးသည်။ကျော်ကြီးလဲ အိမ်ထဲပြေးဝင်ပြီး

"မေပျို မေပျို မေပျိုရေ "

မေပျို ကျော်ကြီးအသံကိုကြားလိုက်သည်။ ပထမမှ အမြန်ပြေးဆင်းဖို့ကြိုးစားတော့ အာကာကပြေးတတ်လာပြီး မေပျိူကို ပါးစပ်ပိတ်ကာ အခန်းထဲဝင်လော့ချလိုက်သည်။ထို့နောက် ဗီရိုအံဆွဲထဲတွင်ရှိသော သေနတ်ကို ဆွဲယူလိုက်သည်။

"မေပျို ငါနင့်ကို ခေါ်ထုတ်သွားမယ်၊ နင်သူတို့နဲ့မလိုက်ချင်ဘူးမလား၊ ငါ့ကိုပြော၊ မလိုချင်ဘူးလို့သာ တစ်ခွန်းပြောလိုက် ငါရအောင် လွတ်အောင် ပြေးဖို့ လုပ်မယ်.....နော် မေပျို"

"အရူး ငါ့ကိုလွတ် ငါနင်နဲ့နေဖို့ ခဏလေးတောင် မတွေးမိဘူး၊ နင့်လိုကောင်မျိုးနဲ့ တစ်လေထဲရှုရ‌မှာတောင် သန တယ်၊ ရွံ့လွန်းလို့၊ ငါ့ကိုလုပ်ခဲ့တာတွေကို တွေးမိရင် ငါ့ကိုငါ ဆွဲဖြဲပစ်ချင်တယ်၊ အေး ဒီရဲတွေ ဘယ်လိုရောက်လာလဲ သိချင်တယ်မလား၊ ငါခေါ်လိုက်တာ ရှင်းလား နင်နဲ့ ဘယ်နေရာမှ ငါမလိုက်ဘူး "

"ဟင် နင်ပြောတော့ လိုက်မယ်ဆို"

"အေး အာ့တာ နင့်ကိုအချိုသတ်တာ သတော်စော်ရဲ့ နင့်လိုကောင်မျိုး ငါက ယူမလား နင်နဲ့နေစရာလား စဉ်းစားအုန်း "

"နင်က ငါ့ကိုသစ္စာဖောက်တာပေါ့၊ ရဲခေါ်တာကို ငါစိတ်မဆိုးဘူး၊ ငါ့ကိုလိမ်တာ မုန်းတယ်နော် မေပျို"

Slave Girl Where stories live. Discover now