ယွဲ့လောင်ကလိင်တူချစ်သူအမျိုးသားများအကြောင်းကိုသိသည်။
ဒါပေမဲ့ ယွဲ့လောင်ကပန်းနတ်ဘုရားငယ်လေးကိုလိင်တူချစ်သူဖြစ်ဖို့သဘောမတူချင်ဘူး
" မင်းအဖေ ဒီအကြောင်းကိုသိရင်ဘယ်လိုလုပ်မလဲ" ယွဲ့လောင်ကသူ့ကိုအသံတိုးတိုးလေးနဲ့သတိပေးလိုက်တယ် ပန်းနတ်ဘုရားက အရမ်း အရမ်းကိုမှရှေးရိုးဆန်တဲ့သူဖြစ်တယ် " ဒါ့အပြင် ဧကရာဇ်ကမင်းအဖေထက်နှစ်တစ်ထောင်ပိုကြီးတယ်နော်"
"ဒါပေမယ့်ဧကရာဇ်က အရမ်းခန့်ငြားတယ်!"
"ဘာခန့်ငြားတာလဲ" ယွဲ့လောင်ကသူရဲ့အိတ်ကပ်ထဲကစာအုပ်ကိုထုတ်လိုက်တယ် စာအုပ်ခေါင်းစဥ်က《အေးစက်သောနှလုံးသားရှိတဲ့ဥက္ကဌက ငယ်ရွယ်တဲ့ညီမလေးကိုဖျားယောင်းခြင်း》ပဲဖြစ်တယ်
"မင်းတို့လူငယ်တွေရဲ့မျက်လုံးထဲမှာ ဒီလိုမျက်နှာအကြောသေနဲ့ ဟိန့်ဟန်များပြီး လျစ်လျူရှု ဂရုဏာကင်းမဲ့တဲ့ဇာတ်ကောင်နဲ့ ဧကရာဇ်ကတူတယ်မဟုတ်လား"" မဟုတ်ဘူး ဧကရာဇ်ကအရမ်းအံ့သြဖို့ကောင်းတယ် သူ့ရဲ့ကိုယ်ခံပညာကလည်းမြင့်မားတယ် သူကသန့်ရှင်းစင်ကြယ်ပြီးအရှုပ်တော်ပုံတွေလည်းမရှိဘူး သူကငါ့အတွက်အရမ်းသင့်တော်တယ်"
" ကိုယ်ခံပညာကဘာကောင်းလို့လဲ လူ့အဖွဲ့အစည်းကိုဥပဒေကအုပ်ချုပ်နေပြီဖြစ်လို့ ငြိမ်းချမ်းရေးကအဓိကပဲ" ဟု ပြောလိုက်ပြီးယွဲ့လောင်ကသူ့ရင်ဘက်ထဲကနေ《ဧကရာဇ်၏မသိသေးသောအချစ်ရေး》 စာအုပ်ကိုထုတ်လိုက်တယ်"ဧကရာဇ်ကသန့်ရှင်းစင်ကြယ်တယ်လို့တော့ငါမထင်ပါဘူး "
"နေပါဦး!" ပန်းနတ်ဘုရားငယ်လေးက -"မွေးစားအဖေ မင်းဒီလိုစာအုပ်မျိုးတွေကိုတကယ်ဖတ်ဖူးတာပဲ ကျွန်တော်အားလုံးကိုပြောပြလိုက်မယ် "
ယွဲ့လောင် ကအလျင်မြန်ဝှက်ထားလိုက်ပြီး" ဘာပဲဖြစ်ဖြစ်ငါသဘောမတူဘူး မင်းတို့နှစ်ယောက်ကိုငါအောင်သွယ်မပေးနိုင်ဘူး "
"အိုး?" ပန်းနတ်ဘုရားသေးသေးလေးက ယွဲ့လောင် ရဲ့မုတ်ဆိတ်ကိုအားနဲ့ဖမ်းဆွဲလိုက်ပြီး "အခုကောဘာဖြစ်လဲ"
YOU ARE READING
ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)
RomanceThis story is not written by me.I just translated it from Chinese(mtl)to Myanmar.All the credits go to original author and publishers. Title-The Little Flower God And The Emperor Type-Web Novel Author(s)-大青Q3 Completed 15 chapters (+1 side story)