အပိုင်း၄

1.2K 155 5
                                    

ယွဲ့​လောင်အလွန်စိတ်​သောက​ရောက်​နေတယ်။သူ့ရဲ့သန့်ရှင်းတဲ့စိတ်ဝိညာဥ်ဟာ ပန်းနတ်ဘုရားငယ်​လေး​ကြောင့်စွန်းထင်းသွားပြီလို့ခံစားလိုက်ရတယ်"မင်း ဧကရာဇ်ရဲ့အထက်ပုဂ္ဂိုလ်ဖြစ်ချင်တာလား"

"မဟုတ်ဘူး"ပန်းနတ်ဘုရားငယ်​လေးကအမှန်ပြန်​ပြင်​ပေးလိုက်တယ် "ဧကရာဇ်ကို ငါ့ရဲ့အထက်ပုဂ္ဂိုလ်ဖြစ်​စေချင်တာ"

 ယွဲ့​လောက် က“ …ငါ့ကို​မွေးစားအ​ဖေလို့ထပ်မ​ခေါ်ပါနဲ့​တော့ ငါစိတ်အေးအေးထားဖို့လိုတယ် ”

"အရမ်း​နောက်ကျသွားပြီ"ပန်းနတ်ဘုရားငယ်​လေးဟာ အပြစ်ကင်းတဲ့အပြုံး​လေးနဲ့​ပြောလိုက်တယ်။ပန်းနတ်ဘုရားငယ်​လေးက တက်ကြွတဲ့​​ခြေလှမ်း​တွေနဲ့ ပန်းနတ်ဘုရားဆီ​ပြေးသွားပြီး လက်ဖက်ရည်အိုးကိုယူလိုက်တယ်"အ​ဖေ...ကျွန်​တော်ရက်နည်းနည်း​လောက်​မွေးစားအ​ဖေအိမ်မှာ​နေချင်တယ်"

ပန်းနတ်ဘုရားက ထူးဆန်းတယ်လို့ခံစားလိုက်ရတယ် ,"အ​ဖေတို့အိမ်နဲ့ဒီကို ပျံသန်းပြီးလာရင်
နှစ်နာရီပဲကြာတာ​လေ ဘာလို့သူနဲ့​နေဖို့လိုတာလဲ?"

ပန်းနတ်ဘုရားငယ်​လေးက ယွဲ့​လောင်ကိုနောက်​ကျော​ပေးပြီး အသံကိုတိုးလိုက်တယ်
"အဘိုးယွဲ့​လောင်က ဧကရာဇ်​ကြောင့် အရမ်းစိတ်ဆိုး​နေတယ် ပြီး​တော့ မျက်ရည်​တွေနဲ့ညည်းညူ​နေ​သေးတယ် သူက အသက်လည်းကြီး​နေပြီ သူ့ကို ဂရုစိုက်​ပေးဖို့တစ်​ယောက်မှမရှိဘူး​ သူနဲ့အတူရက်နည်းနည်း​လောက်​နေပြီး စကား​ပြော​ပေးရင်မ​ကောင်းဘူးလား"

ယွဲ့​လောင်ကသူ့ကိုစိုးရိမ်တဲ့ပုံနဲ့ကြည့်​နေတဲ့ ပန်းနတ်ဘုရားကို​တွေ့လိုက်တယ် ဒါ​ပေမဲ့​နောက်ဆုံးမှာ​တော့သူ ​ခေါင်းညိမ့်လိုက်ပြီး ပန်းနတ်ဘုရားငယ်​လေး​နောက်ကိုသာလိုက်ရ​တော့တယ်။ပန်းနတ်ဘုရားက"မင်း ဧကရာဇ်နဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်​နေဖို့မလိုပါဘူး လူပြည်မှာပန်း​ပွင့်​မယ့်ရာသီ​မကြာခင်​ရောက်​တော့မယ် ငါပန်းပွင့်တဲ့ရာသီအတွက်စီစဥ်စရာ​တွေရှိ​သေးလို့ဒီလအိမ်မပြန်ဘူး မင်းနဲ့အတူ​နေတာ ငါ့သားအတွက်​အဆင်​ပြေတယ်"

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now