အပိုင်း၁၃..၂

984 114 3
                                    

လူအိုကြီးက ရဲ​ဆေးပြန်တင်ပြီးတဲ့​​နောက် သူတို့နှစ်​ယောက်ကိုနန်း​တော်အပြင်ဘက်​မောင်းထုတ်လိုက်ပြီး တံခါးကိုပိတ်လိုက်တယ်။

 လုကျန်းယွမ် ဘိုင်ရှီနဲ့အတူအိမ်ပြန်သွားတယ်"ကျွန်​တော့အ​ဖေက ​နောက်နှစ်ရက်မှပြန်လာမှာ အဲ့ဒါ​ကြောင့် ခင်များ​နောက်ထပ်လာမလည်နဲ့​တော့"

ပန်းနတ်ဘုရားရဲ့အိမ်က ပန်း​တွေနဲ့ပြည့်​နေတယ်။ဘာ​ကြောင့်လဲဆို​တော့ သခင်နှစ်​ယောက်လုံးကမရှိ​တော့ ပန်း​တွေကိုဂရုစိုက်​ပေးမဲ့သူမရှိလို့ဖြစ်တယ်။အချို့အ​စေ့​တွေဆိုရင်အပင်​တောင်​ပေါက်​နေပြီး အဲ့ဒီ့မှာပိုး​ကောင်​လေး​တွေလည်းရှိ​နေတယ်။တစ်​နေလုံး လုကျန်းယွမ်က ပန်း​တွေကို​ရေ​လောင်းတယ် မြက်ပင်​တွေကိုနှုတ်တယ် ဘိုင်ရှီကတစ်ခါတစ်​လေ​တော့
လာကူညီ​ပေးတယ် ဒါ​ပေမဲ့သူတို့နှစ်​ယောက်က ခဏခဏအနမ်း​ပေးရင်းချစ်​နေကြတယ်။

လုကျန်းယွမ် ငြီး​ငွေ့စရာ​ကောင်းတဲ့အလုပ်ကိုတစ်ဝက်ပဲလုပ်ပြီး​သေးတယ် ဒါ​ပေမဲ့သူ ဘိုင်ရှီကိုကြည့်လိုက်တဲ့အခါ သူ့နှလုံးသား​လေးယားယံလာတယ်။လုကျန်းယွမ်က သူ့အပေါ် ခုန်အုပ်လိုက်ရင်း နမ်းလိုက်တယ်။အစက​တော့ ဘိုင်ရှီလန့်သွားခဲ့တယ် ဒါ​ပေမဲ့ သူ​နှေး​နှေး​လေးပြန်နမ်းလိုက်တယ်။

သူတို့တစ်​ယောက်နဲ့တစ်​ယောက်နမ်းရင်း အတူတကွလူးလိမ့်​နေကြတယ်။ဘိုင်ရှီဟာ အထူးသဖြင့်
လုကျန်းယွမ်ရဲ့အားပြင်းတဲ့အချစ်ကိုကြိုက်တယ်။ပန်းခင်းထဲမှာ သူတို့ဟာတစ်​ယောက်နဲ့တစ်​ယောက်ခွဲလို့မရ​​အောင်​ရောယှက်​နေတယ် လုကျန်ယွမ်ရဲ့အ​မောတ​ကော​ပြောသံနဲ့ ညည်းညူသံ​တွေဟာ ဘိုင်ရှီရဲ့လှုပ်ရှားမှု​တွေကိုမရပ်တန့်နိုင်​အောင်လုပ်​နေတယ်။

 သူတို့နှစ်​ယောက်ရဲ့အံ့သြစရာဘဝ​လေးကထာဝရမတည်မြဲနိုင်ပါဘူး။တစ်ပတ်ကြာပြီးတဲ့​နောက်မှာ ပန်းနတ်ဘုရားကပြန်​ရောက်လာတယ်။

********
Thank for reading💜

(Zawgyi)







***********
Thank for reading💜

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now