အပိုင်း၈

996 117 1
                                    

ဘိုင်ရှီနောင်တရ​နေတယ်။သူဒီမနက် လုကျန်းယွမ်ကိုအသိမှတ်မပြုလိုက်သင့်ဘူး ဘာ​ကြောင့်လဲဆို​တော့ဒီအရုပ်​လေးကတစ်ကယ်ကိုဖျတ်လတ်တက်ကြွလွန်းတယ်!!!

လုကျန်းယွမ်တံခါးကို၁၈​ခေါက်ဖြတ်ခဲ့ပြီးပြီ သူကအထဲကိုအလျင်အမြန်ကြည့်မယ် ပြီးရင်အ​​ဝေးကိုထွက်သွားပြန်တယ်။

ဘိုင်းရှီ ခေါင်း​ကိုက်လာတယ်"မင်းဝင်လာချင်ရင်ဝင်လာခဲ့"သူ့မှာဘာပြသနာရှိ​နေတာလဲ တံခါးနားမှာပဲလမ်းပတ်​လျှောက်​နေတယ်!

 "မဟုတ်ဘူး ကျွန်​တော်ထိုင်လို့မရ​သေးဘူး"
လုကျန်းယွမ် နောက်တစ်ကြိမ်တံခါးကိုဖြတ်လိုက်ပြန်တယ် ​,ကြီးမားတဲ့​ရေဖြန်းပိုက်​တွေကိုသယ်​နေပြီး"ကျွန်​တော်ခင်များရဲ့ခြံထဲမှာပန်း​တွေကိုစိုက်မလို့"

မနက်စာစားပြီးတဲ့​နောက်လုကျန်းယွမ်ကခြံထဲကိုတံမြက်စည်းတစ်ကြိမ်လှည်းတယ် လှည်းပြီး​တော့မြက်ပင်​ပေါင်းပင်​တွေကိုတစ်ကြိမ်နှုတ်တယ် ပြီး​တော့မှသစ်ပင်​တွေကိုစိုက်တယ်။

ဘိုင်ရှီကရှားရှားပါးပါးသက်ပြင်းချလိုက်တယ် သူ့ရဲ့အကျ်ီလက်ကို​​ဝေ့ယမ်းပြီး တံခါးကိုပိတ်လိုက်တယ်။

ခဏ​နေ​​တော့ လုကျန်းယွမ် စပ်စုဖို့ပြတင်း​ပေါက်ကို
ဖွင့်ပြီးခေါင်းထည့်လိုက်တယ် ပြီးမှအထဲကိုကြည့်လိုက်တယ်။တစ်ချိန်ထဲမှာပဲ ငါ​ပြောတာမှန်တယ်ဆိုတဲ့ပုံစံနဲ့"ခင်များကတကယ်ကြည့်​ကောင်းတာပဲ"

ဘိုင်ရှီနောက်တစ်ကြိမ်သက်ပြင်းချလိုက်ရင်း စားပွဲ​ပေါ်မှာစာအုပ်ကိုတင်လိုက်တယ် ။အဲ့ဒီ့​နောက်ခြံထဲကိုလမ်းဆင်း​လျှောက်တဲ့အခါ လုကျန်းယွမ် ပန်းခိုင်အစုပြုံလိုက်ကိုသယ်​နေပြီးအ​ရှေ့က​နေအ​နောက်ကိုပတ်​နေတာကိုမြင်တယ်။သူကခြံရဲ့​လေးပတ်​လေးလန်လုံးကိုပတ်လိုက်ပြီးတဲ့​နောက်မှာပန်း​တွေတစ်ပွင့်ပြီးတစ်ပွင့်ပွင့်​အောင်သူ့တန်ခိုးနဲ့​ဆောင်ရွက်လိုက်တယ်။

"ဒါကဘာပန်းအမျိုးအစားလဲ?"ဘိုင်ရှီဒီပန်းကိုမသိဘူး။

 "​ခြောက်လပန်းလေ" လုကျန်းယွမ်ပန်းတစ်ပွင့်ကိုခူးလိုက်ပြီးသူ့ကို​ပေးလိုက်တယ်"ဒီပန်းကလှတယ်မဟုတ်လား"

ပန်းနတ်ဘုရားငယ်နဲ့ဧကရာဇ်(ဘာသာပြန်)Where stories live. Discover now